Healthy Life Ad
International

ကိုယ်ဝန်ဆောင်မိခင် မမွေးသေးသည့် သမီးငယ်နှင့် ဓာတ်မတည့်၍ တစ်ကိုယ်လုံး အနီကွက်တွေထ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၃ နှစ်အရွယ် ဂျက်ဆီကာဝီလီယမ်ဟာ ပထမဆုံးကိုယ်ဝန်မှာ မမွေးသေးတဲ့ကလေးနဲ့ ဓာတ်မတည့်တာကြောင့် တစ်ကိုယ်လုံးအနီကွက်တွေ ထလာခဲ့ပါတယ်။ အနီကွက်တွေက မခံမရပ်နိုင်အောင် ယားယံနေကာ ညတွေမှာ မအိပ်နိုင်အောင် ဖြစ်နေပါတယ်။

ကိုယ်ဝန်ဆောင်စမှာ တစ်ရက် ၁၀ကြိမ် လောက် အော့အန်နေတာကြောင့် ရေဓာတ်ခမ်းခြောက်လာကာ ဆေးရုံတက်ခဲ့ရပါသေးတယ်။ ကိုယ်ဝန်၁၂ပတ် အရောက်မှာ ရောဂါသက်သာခဲ့ပေမယ့် နောက်၂လ အကြာမှာ နှစ်ပတ်ကြာ တုပ်ကွေးဖြစ်ခဲ့ပါသေးတယ်။ကိုယ်ဝန် ၂၈ ပတ်မှာ သွေးတိုးလာတာကြောင့် ဆေးရုံတက်ခဲ့ရကာ အဆုတ်တွေထဲမှာ သွေးခဲနေတာတွေ့ခဲ့ရပါတယ်။ သွေးကျဲဆေးတွေသောက်ပြီး ကုသခဲ့ရပါတယ်။ ကိုယ်ဝန်၂၈ပတ်အရောက်မှာ သူရဲ့ဝမ်းဗိုက်ပေါ်မှာ အနီကွက်တွေထလာခဲ့ပြီး တစ်ပတ်အတွင်း တစ်ကိုယ်လုံးအနှံ့ ထွက်လာခဲ့ပါတယ်။ ကိုယ်ဝန် ဆောင်စဉ် ဟော်မုန်းပြောင်းလဲတဲ့ရောဂါကြောင့်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးဝါးတွေ သောက်သုံးခဲ့ရပါတယ်။

နောက်နှစ်ပတ်အကြာမှာ ကိုယ်အလေးချိန် ရှစ်ပေါင်ရှိတဲ့ သမီးလေးကို အောင်မြင်စွာမွေးဖွား နိုင်ခဲ့ပါတယ်။ သူနာပြုတွေက ဝမ်းဗိုက်ကိုချုပ်နေစဉ် အနီကွက်တွေက ခန္ဓာကိုယ်ပေါ်မှ အလျင်အမြန် ပျောက်ကွယ်သွားတာကို အံသြစဖွယ်တွေ့ရှိခဲ့ရပါတယ်။

သမီးလေးကို ပွေ့ချီလိုက်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ချိန်ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို မေ့ပစ်နိုင်ခဲ့ကြောင်းနဲ့ သမီးလေးအတွက် ညီမလေး ဒါမှမဟုတ် မောင်လေးတစ်ယောက်မွေးဖွားပေးဖို့ ဆန္ဒရှိကြောင်း ဂျက်ဆီကာက ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေကတော့ ဂျက်ဆီကာ ဒုတိယ ကိုယ်ဝန်ဆောင်တဲ့အခါ ဒီလိုဓာတ်မတည့်မှုမျိုးဖြစ် ပေါ်ဖို့ ရာခိုင်နှုန်း နည်းပါးကြောင်း ရှင်းပြခဲ့ပါတယ်။

(Ref; Ts)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top