Healthy Life Ad
International

လမ်းမပေါ်တောင်းစားခိုင်းသောအဖွဲ့ဆီ ရောင်းစားခံရသည့် မသန်စွမ်းကလေးကို ကယ်တင်နိုင်ခဲ့

၊ မိုးမင်းထွန်း ၊

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၅ နှစ်အရွယ် အန်နာဘယ်လီအမည်ရ ကလေးမလေးဟာ မွေးရာပါ Crouzon ရောဂါခံစားခဲ့ရပြီး ရောဂါကြောင့် မျက်နှာပုံပန်းပျက်ယွင်းနေပါတယ်။ ကြီးမားတဲ့ မျက်လုံးတွေ၊ ဦးခေါင်းခွံဖွဲ့စည်းပုံ မမှန်ခြင်းတို့ဖြစ်ပွားနေပြီး ဦးနှောက်ဖွံ့ဖြိုးမှု ချို့ယွင်းနေပါတယ်။ ဆင်းရဲတဲ့မိသားစုတစ်ခုမှာမွေးဖွားခဲ့ပြီး သားသမီးခြောက်ယောက်ရှိတဲ့မိခင်က မကျွေးမွေးနိုင်တော့တာကြောင့် မူးယစ်ဆေးရောင်းဝယ်တဲ့ ဂိုဏ်းတစ်ခုသို့ရောင်းချခဲ့ပါတယ်။

အဲဒီမှာ အန်နာဘယ်လီဟာ ကျွန်တစ်ယောက်လို နေထိုင်ခဲ့ရပြီး သူ့ရဲ့ပုံပန်းသဏ္ဍာန်ကြောင့် လမ်းပေါ်မှာ တောင်းစားခိုင်းခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က သူရဲ့မိခင်အဖြစ်ဟန်ဆောင်ကာ လမ်းများစွာလျှောက်သွားကာ တောင်းခဲ့ရပါတယ်။ နောက်ဆုံးမှာ လမ်းပေါ်မှကလေးတွေကို ကယ်တင်နေတဲ့ လူမှုပရဟိတအဖွဲ့တစ်ခုက ကလေး ၂၀ဝ ဝန်းကျင်ကို ကယ်တင်နိုင်ခဲ့ပြီး အန်နာဘယ်လီဟာလည်း ကယ်တင်ခံခဲ့ရပါတယ်။

ကလေးငယ်ကို ကလေးအထူးကုဆရာဝန်၊ သွားဆရာဝန်၊ အာရုံကြောဆရာဝန်တွေနဲ့ ပြသခဲ့ကြပြီး လိုအပ်တဲ့ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ခွဲစိတ်မှုတွေ အောင်မြင်ခဲ့ပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကလေးဟာ ပျော်ရွှင်တာ၊ စိတ်ကြည်နူးတာ စတဲ့အသက်ရှင်တာရဲ့ အရသာတွေကို သိရှိလာခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်တဲ့ ပရဟိတအဖွဲ့က ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top