Healthy Life Ad
International

ပေါင်တွေမပါဘဲ မွေးဖွားလာသည့် အမျိုးသား ၁၅ နှစ်ငယ်သော ချစ်သူရရှိ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုမှ အသက် ၃၄ နှစ်အရွယ် နေသန်ဟာဒလစ်ကာဟာ ရှားပါးတဲ့ရောဂါကြောင့် ပေါင်တွေမပါဘဲ မွေးဖွားလာခဲ့ကာ အရပ် ၄ ပေ ၆ လက်မသာရှိပါတယ်။ အခုအခါ သူ့ထက် အရပ်တစ်ပေနီးပါးမြင့်ပြီး အသက် ၁၅ နှစ်ငယ်တဲ့ ချစ်သူတစ်ယောက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်အမောင်းက ပြဿနာလို့အစက ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နေသန်ရဲ့အချစ်ကို လက်ခံခဲ့ကြောင်း အမျိုးသမီးကပြောပြပါတယ်။ နေသန်ဟာ tbilateral proximal femoral focal deficiency (PFFD) type D လို့အမည်ရတဲ့ ဒူးအရိုးတွေက တင်ပါးအရိုးတွေအောက်မှာ တိုက်ရိုက်ချိတ်ဆက်ကာ ပေါင်မပါဘဲမွေးဖွားလာတဲ့ ကမ္ဘာ့လူ ၂၅ယောက်ထဲမှာ တစ်ယောက်အပါအဝင်အဖြစ် မွေးဖွားလာခဲ့ပါတယ်။ ဝေဒနာရှင်တွေထဲမှာ နေသန်တစ်ယောက်သာ လမ်းလျှောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အရိုးထိပ်ဖျားတွေနဲ့ လမ်းလျှောက်ရသလိုဖြစ်တာကြောင့် လမ်းလျှောက်တိုင်း နာကျင်တာခံစားရကြောင်းသိရပါတယ်။

လူတွေက သူတို့စုံတွဲကို တွေ့တဲ့အခါ အထူးအဆန်းအဖြစ်ကြည့်ကြပေမယ့် ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ အချစ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေကြောင်း နေသန်ကပြောပြခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top