Healthy Life Ad
Q & A

မျက်စိကျန်းမာရေးအတွက် အရေးပါသည့် အစားအသောက်

မေး ။ မျက်စိကျန်းမာရေးကောင်းမွန်စေတဲ့ အစားအသောက်တွေကို သိချင်ပါတယ်။
ကိုအောင်ကို၊ စမ်းချောင်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့ အဓိက အရေးကြီးတာက ဗီတာမင်အေ ဖြစ်ပါတယ်။ ဗီတာမင်အေများများပါတဲ့ အစားအသောက်တွေဆိုရင် မျက်စိကျန်းမာရေး ကောင်းမွန်ပါတယ်။ အဲဒါတွေက စိမ်းသောအရွက်၊ ဝါသောအသီးတွေပါ။ ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။

ကိုလင်းဓာတ်ကလည်း မျက်စိကျန်းမာရေး ကောင်းမွန်စေပါတယ်။ အဓိကအားဖြင့် ကြက်ဥမှာ ကိုလင်းဓာတ်ပါဝင်မှုများပါတယ်။

နွားနို့သောက်ရင်လည်း မျက်စိကျန်းမာရေး ကောင်းမွန်စေပါတယ်။

ကလေးငယ်တွေမှာဆိုရင် လူတိန်းဓာတ်ကလည်း မျက်စိကျန်းမာရေး ကောင်းစေပါတယ်။ လူတိန်းဓာတ်က အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာပါဝင်မှုများပါတယ်။ မြေပဲ၊ အစေ့အဆန် တွေမှာလည်း ပါဝင်ပါတယ်။

ဗီတာမင်ဒီတချို့ကလည်း မျက်စိကျန်းမာရေး ကောင်းမွန်အောင် ကူညီပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top