Healthy Life Ad
International

ခန္ဓာကိုယ်အပြင်ဘက် အူကျွံ၍ မွေးလာသောသမီးပုံကို မိခင်ဖြစ်သူမျှဝေ

၊ ZKO ၊

မိခင်တစ်ဦးက သမီးငယ်မွေးပြီး မိနစ်ပိုင်းအတွင်းရိုက်ထားသော သမီးဖြစ်သူ၏ မွေးရာပါ အူကျွံထွက်သည့်ပုံကို အူကျွံနာအကြောင်း သိရှိစေရန်ရည်ရွယ်၍ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပြန်လည်မျှဝေခဲ့သည်။

နယူးဒေလီမှ ကလော်ဝေါ်လ်တာသည် သမီးလေးအေဗာရို့စ်ကို မွေးဖွားစဉ်က သမီးငယ်၏အူများ အပြင်သို့ထွက်နေခဲ့ရာ ကူးစက်ပိုးမဝင်စေရန်နှင့် နွေးနွေးထွေးထွေးရှိစေရန် ပလတ်စတစ်အကြည်ဖြင့် အုပ်ထားရသည်။ မွေးပြီးတစ်နာရီအကြာတွင် အချိန်သုံးနာရီကြာမြင့်သည့် ခွဲစိတ်ကုထုံးတစ်ခုကို ခံယူခဲ့ရပြီး ဆေးရုံတွင် ခုနစ်ပတ်ကြာ နေထိုင်ခဲ့ရသည်။

ကလေးငယ်၏ ဝမ်းဗိုက်နံရံတွင် အပေါက်ဖြစ်ကာ အူကျွံထွက်နေခြင်းဖြစ်ပြီး ကလေးငယ်၏အူကို ထိုအပေါက်မှ ပြန်တွန်းထည့်သည့် ခွဲစိတ်ကုထုံးကို ပေးခဲ့ရခြင်းဖြစ်သည်။ ဖြစ်ရသည့်အကြောင်းရင်းကို တိတိကျကျမသိသေးသော်လည်း မျိုးရိုးနှင့်ဆက်နွှယ်မှုမရှိကြောင်း သိရသည်။ ထို့ပြင် အူကျွံနာနှင့် ကလေးတစ်ဦးမွေးပြီး နောက်ကလေးတွင် ဖြစ်နိုင်ခြေမများကြောင်းလည်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top