Healthy Life Ad
Life Style

ဘဝ၏ အရေးကြီးသော အခမ်းအနားပွဲများတွင် တုပ်ကွေး မဖြစ်စေရန်

၊ ငွေကြယ်စင်ယံ ၊

မိန်းကလေးတစ်ယောက်အတွက် ဘဝမှာ အရေးပါဆုံးမင်္ဂလာပွဲ၊ လူတစ်ယောက်အတွက် တစ်နှစ်တာမှာ အရေးပါဆုံးမွေးနေ့ပွဲ အစရှိတဲ့ အရေးကြီးအခမ်းအနားတွေမှာ အအေးမိဝေဒနာနဲ့ တုပ်ကွေးကင်းဝေးပြီး လန်းဆန်းကျန်းမာနေစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– ကြိုတင်ပြင်ဆင်မှု

အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေ နီးကပ်လာတဲ့အခါ တုပ်ကွေးနဲ့အအေးမိဝေဒနာတွေ မဖြစ်အောင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ တုပ်ကွေးနဲ့ အအေးမိဝေဒနာရဖူးရင် ဗိုင်းရပ်စ်ပိုးကပ်ငြိနေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သန့်ရှင်းအောင် ဆေးကြောလိုက်ပါ။ ဒါဆိုရင် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဟန့်တားထားနိုင်တာကြောင့် နာမကျန်းမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– တစ်ခါသုံး တစ်သျှူးများ

မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ် စတာတွေအတွက် တစ်ခါသုံးတစ်သျှူးတွေကိုသုံးပြီးရင် သေချာလွှင့်ပစ်ပါ၊ လက်ကို သန့်ရှင်းစင်ကြယ်ပါ။ လက်ကိုင်ပဝါကို သုံးတာကြောင့် ပိုးမွှားတွေ ကပ်ငြိနေနိုင်သလို ထပ်ခါထပ်ခါ အသုံးပြုတာများလေလေ၊ အအေးမိ၊ တုပ်ကွေးပြန်ဖြစ်နိုင်ခြေ မြင့်မားလေလေပါ။

– နွေးထွေးစွာ နေထိုင်ခြင်း

အေးမြတဲ့ နေ့ရက်တွေမှာ နွေးနွေးထွေးထွေး ဝတ်ဆင်နေထိုင်တာကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်နေတတ်ပါတယ်။

– လက်အိတ်ဝတ်ခြင်း

အအေးမိဗိုင်းရပ်စ်တွေက လက်ပေါ်မှာ တစ်နာရီကျော်ကြာရှိနေတတ်တာကြောင့် တခြားသူတွေနဲ့ တွေ့ဆုံရာမှာ လက်ဆွဲနှုတ်ဆက်တဲ့အခါ ကူးစက်ပြန့်ပွားနိုင်ခြေများပါတယ်။ ဒါကြောင့် စတိုင်ကျတဲ့ လက်အိတ်ဝတ်ပြီး လက်ဆွဲနှုတ်ဆက်ပါ။

– အိပ်စက်အနားယူခြင်း

ပွဲလမ်းသဘင်အခမ်းအနားတွေမှာ အားအင်ပြည့်ဝနေစေဖို့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ လိုပါတယ်။ အိပ်စက်တာကြောင့် ခန္ဓာကိုယ်ကို အနားရစေပြီး ပြန်လည်အားပြည့်ကျန်းမာလာစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top