Healthy Life Ad
International

ပြင်သစ်အမျိုးသားရဲ့ ဝမ်းဗိုက်ထဲမှ ပင်အပ်နဲ့ ကျိုးနေတဲ့ဇွန်းတွေအပါအဝင် သတ္တုအစိတ်အပိုင်း ၁၀ဝ ကျော် ဖယ်ရှားခဲ့ရ

၊ မိုးမင်းထွန်း ၊

စိတ်ရောဂါဝေဒနာခံစားနေရတဲ့ အသက် ၅၂ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ယောက်ဟာ ချွန်မြတဲ့ပစ္စည်းတွေကို အကြိမ်ကြိမ်မျိုချနေတာကြောင့် ခန္ဓာကိုယ်ထဲမှာ သတ္တုပစ္စည်းတွေစုပုံလာကာ ကိုယ်အင်္ဂါတွေကို ထိုးဆွလာတာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ သတ္တုအစုအပုံကြောင့် သွေးအန်တာ၊ ပြင်းပြင်းထန်ထန်နာကျင်တာတို့ ခံစားခဲ့ရပြီး ၅နှစ်အတွင်း အရေးပေါ်ခွဲစိတ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။

ဆရာဝန်တွေက သူ့ခန္ဓာကိုယ်ထဲမှ ဝက်အူ၊ ဓား၊ ဇွန်းလက်ကိုင်၊ ဝိုင်ယာကြိုးတွေ၊ အကြွေစေ့တွေ စတဲ့ပစ္စည်းတွေကို ဖယ်ရှားပေးခဲ့ရပါတယ်။ စိတ်ကုထုံးတွေခံယူနေပေမယ့် သက်သာခြင်း မရှိဘဲ သတ္တုအပိုင်းအစတွေ မျိုချနေတာကြောင့် ၂၀၁၂ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၅ ကြိမ်တိုင်ခွဲစိတ်ဖယ်ရှားပေးခဲ့ရပါတယ်။ Psychosis စိတ်ရောဂါဟာ အမှန်အမှားမဆုံးဖြတ်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဝေဒနာရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်ပြုလုပ်တတ်တာကြောင့် မကြာခဏဆေးရုံတက်ရလေ့ရှိပါတယ်။ စိတ်ကုထုံးတွေ၊ ဆေးဝါးတွေပေးကာ ကုသရလေ့ရှိကြောင်းသိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top