Healthy Life Ad
International

အသက် ၉ နှစ်အရွယ်သားကို ကာကွယ်ဆေးထိုးရန် ငြင်းဆန်သဖြင့် မိခင်ဖြစ်သူထောင်ကျ

၊  မိုးမင်းထွန်း  ၊ 

အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်မှ ရေဘက်ကာ ဘရက်ဒေါဟာ အသက် ၉နှစ်အရွယ် သားဖြစ်သူအား ကာကွယ်ဆေးအစုံထိုးပေးဖို့ ကွာရှင်းပြီး ခင်ပွန်းဟောင်းနဲ့ သဘောတူညီထားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘရက်ဒေါက သားငယ်ကို ကာကွယ်ဆေးထိုးဖို့ငြင်းဆန်ခဲ့တာကြောင့် ၇ရက်ထောင်ကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ သူက ပညာတတ်တစ်ယောက်ဖြစ်ပြီး ဘယ်လို ကာကွယ်ဆေးကို သားငယ်အားထိုးဖို့ ရွေးချယ်ခွင့်ရှိသင့်ကြောင်း ဘရက်ဒေါက တရားခွင်မှာ ချေပခဲ့ပါတယ်။

မစ်ချီဂန်ဥပဒေအရ မိဘတွေဟာ သားသမီးတွေအပေါ် ဘယ်လို ကာကွယ်ဆေးထိုးဖို့ ၊ မထိုးဖို့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါ့ကြောင့် အမေရိကန်ပြည်နယ် ၅၀ မှာ ကလေးသူငယ် ခန္ဓာကိုယ်ခုခံအားစနစ်အဆိုးဆုံးပြည်နယ်ထဲမှာ အဆင့် ၄၃ ချိတ်နေကြောင်း သိရပါတယ်။ ဒါပေမဲ့ ခင်ပွန်းဟောင်းနဲ့ ကြိုတင်သဘောတူညီချက်ကြောင့်သာ ဘရက်ဒေါဟာ ထောင်ကျခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဟောင်းက သားငယ်ကို အခုအခါ ယာယီအုပ်ထိန်းခွင့်ရနေတယ်လို့သိရပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုဆိုးကျိုးမရှိဘူးလို့ အခိုင်အမာပြော ဆိုထားပေမယ့် ဘရက်ဒေါလိုမျိုး ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာအော်တစ်ဇင်ရောဂါဖြစ်နိုင်မယ်လို့ ယုံကြည်ကြတဲ့ အမေရိကန်မိဘတွေရှိနေကြကြောင်း သိရပါတယ်။ ဒီလိုကာကွယ်ဆေး ဆန့်ကျင်တဲ့မိဘတွေကို တွန်းအားပေးဖို့ အမေရိကန်ဖက်ဒရယ်အစိုးရက ကျောင်းတွေမှာ ကာကွယ်ဆေးစည်းမျဉ်းတွေ ထုတ်ပြန်ထားပြီး ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေကို ကျောင်းမလာဖို့နဲ့ ကျောင်းပျက်တဲ့ကလေးတွေရဲ့ မိဘတွေကို ထောင်ချနိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ကလေးတိုင်း ကာကွယ်ဆေးထိုးရမယ့် ဥပဒေကို သဘောတူညီထားပြီး ၂၀၁၈ ခုနှစ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

(Ref ; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top