Healthy Life Ad
International

ကြောင်မှ ပလိပ်ရောဂါကူးစက်ပြီး လက်ချောင်း ခြေချောင်းများ ဆုံးရှုံးသွားသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန် မှ အသက် ၆၀ ကျော်အရွယ် ပေါလ်ဂေးလော့ဒ်ဟာ ၂၀၁၂ဇွန်လက အိမ်မွေးကြောင် ရဲ့ ပါးစပ်ထဲမှ ကြွက်ကိုဆွဲဖယ်ဖို့ကြိုးစားစဉ် ကြောင်က သူ့လက်ကို ကိုက်ခဲ့ပါတယ်။ သူကကြောင်ကိုသတ်ပစ်ခဲ့ပြီး အိမ်အနောက်ဘက်ပန်းခြံထဲမှာ မြှပ်ထားခဲ့ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက် သူ့မှာ တုပ်ကွေးဆန်ဆန်လက္ခဏာတွေခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။

ဆရာဝန်တွေက အကျိတ် အဖွဲ့အစည်း၊ အဆုတ်နဲ့သွေးလမ်းကြောင်းတွေကို ကူးစက်နေတဲ့ ပလိပ်ရောဂါဖြစ်ပွားနေကြောင်း ပြောပြခဲ့ပါတယ်။ သူ့လက်တွေဟာ မည်းနက်လာနေပြီး ၂၇ ရက်ကြာ အရေးပေါ်အသက်ကယ်စနစ် ပေးထားခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့လက်ချောင်း၊ ခြေချောင်းတွေကို ဖြတ်တောက်ခဲ့ရပါတယ်။ တစ်လကြာပြီးနောက် ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေးအဖွဲ့မှ ကြောင်သေကို စစ်ဆေးကြည့်ရာမှာ ပလိပ်ရောဂါရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။ ပလိပ်ရောဂါ ကို ရှဉ့်၊ ကြွက်စတဲ့ ကိုက်ဖြတ်သတ္တဝါတွေ ရဲ့သန်းတွေမှာတွေ့ရတတ်ပြီး သူ့ရဲ့ကြောင်ဟာ ထိုတိရစ္ဆာန်တွေဆီမှ ကူးစက်ခဲ့ပုံရကြောင်း သိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top