Healthy Life Ad
International

ကလေးကို ကြိုးတုပ်ကာ ပလက်ဖောင်းပေါ် တရွတ်တိုက် ဆွဲခေါ်ဆောင်သွားသူ မိခင်က ဝေဖန်သူများကို တုံ့ပြန်ခဲ့

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှ မိခင်တစ်ယောက်က ကလေးကို ကြိုးတုပ်ကာ ပလက်ဖောင်းပေါ်တရွတ် တိုက်ဆွဲခေါ်သွားတဲ့ မြင်ကွင်းကို လမ်းသွားလမ်းလာ တစ်ယောက်က ဓာတ်ပုံရိုက်ယူကာ အွန်လိုင်းမှာတင် ခဲ့ပြီးနောက် ချက်ချင်းနာမည်ကြီးသွားခဲ့ပါတယ်။ လူများစွာက ဝေဖန်ခဲ့ကြပြီး ဖြတ်သွားဖြတ်လာတစ်ယောက်မှ ဝင်ရောက်မတားမြစ်တဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ ယခုအခါ အဆိုပါမိခင်က အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ ၄နှစ်အရွယ်သားငယ် အကြောင်းမသိဘဲ အကဲဖြတ်ခဲ့ကြသူတွေကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။ သူ့ရဲ့သားဟာ အသက် ၂နှစ်အရွယ်ကတည်းက ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရောဂါထချိန်မှာ အလွန်သန်စွမ်းတာကြောင့် ထိန်းကျောင်းဖို့ခက်ခဲကြောင်း ပြောပြပါတယ်။

လူထူထူထဲသွားရတာ မနှစ်သက်ကြောင်းနဲ့ ယခု တစ်ခေါက် အပြင်ထွက်ရာမှာ ပလက်ဖောင်းပေါ် လူးလှိမ့်နေပြီး သူ့ခြေထောက်တွေကိုကန်ကာ ပွေ့ချီလို့လည်းမရတာကြောင့် ယခုလိုပြုလုပ်ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကလေးက ဆိုးသွမ်းတာ မဟုတ်ဘဲ ရောဂါကြောင့်သာ ယခုလိုပြုမှုတာဖြစ်ကြောင်းနဲ့ ခင်ပွန်းမရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ အစွမ်းကုန်ဂရုစိုက်မှုပေးနေကြောင်း ပြောပြပါတယ်။ လူတွေအနေနဲ့ အကြောင်းရင်းကို သေသေချာချာမသိဘဲ အဝေဖန်မစောစေလိုကြောင်းလည်း သူက ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top