Healthy Life Ad
Life Style

ကိုရီးယားမင်းသမီးကင်မ်ဆိုယွန်း၏ အသားအရေ နုပျိုလှပခြင်းလျှို့ဝှက်ချက်

ဆည်းဆာရင်ခုန်သံဇာတ်လမ်းတွဲမှာ ဟိုယွန်မီအဖြစ် ဒါရိုက်တာရင်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကင်ဆိုယွန်းက အသက် ၃၇ နှစ်ရှိပါပြီ။ သူ့အသားအရေက ဆယ်ကျော်သက်အရွယ်လို နုပျိုကြည့်ကောင်းနေတဲ့ လျှို့ဝှက်ချက်ကို အခုလို ပြောပြပါတယ်။

အသားအရေ ထိန်းသိမ်းခြင်း
“ငယ်ငယ်ကတည်းက အသားအရေကို အထူးအလေးထား ထိန်းသိမ်းခဲ့ပါတယ်။ ဇာတ်လမ်းတွေမှာလည်း မိတ်ကပ်က စပြီး အဝတ်အစားအထိ အကုန်လုံးကို ဇာတ်ကောင်အလိုက် ချစ်စဖွယ် ဖြစ်အောင်ပြင်ဆင်ပါတယ်”

နှုတ်ခမ်းကို အလေးထားပြင်ဆင်ခြင်း
နှုတ်ခမ်းသားကအထူးဆွဲဆောင်မှုရှိတဲ့ ကင်မ်ဆိုယွန်းက နှုတ်ခမ်းသားကို အထူးထိန်းသိမ်းပါသတဲ့။ နှုတ်ခမ်းသား နူးညံ့ပြည့်တင်းနေအောင် သဘာဝဆီကို လိမ်းပေးလေ့ရှိတယ်လို့ဆိုပါတယ်။

ပျော်ပျော်ရွှင်ရွှင် နေတတ်ခြင်း
ဇာတ်ကောင်စရိုက်အသက်ဝင်လွန်းတဲ့ ကင်မ်ကအပြင်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့် နုပျိုတာဖြစ်မယ်လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top