Healthy Life Ad
Child

တစ်နှစ်နဲ့ နှစ်နှစ်ကြား ကလေးတွေကို ဘယ်လိုကျွေးသင့်သလဲ . . .

မေး ။ ကျွန်မမှာ အသက်တစ်နှစ်နဲ့ နှစ်နှစ်ကြား မြေးလေးသုံးယောက်ရှိပါတယ်။ သူတို့ကို ကျန်းမာပြီး ဉာဏ်ကောင်းစေချင်လို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်ပါသလဲ။
ဒေါ်ဝင်းမော်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ကလေးအသက် တစ်နှစ်မှ နှစ်နှစ်အတွင်း ကလေးတွေကို တစ်ရက်တာအတွင်း အနည်းဆုံး ၁၂မျိုးပါဝင်အောင် ကျွေးရမယ့် အစားအသောက် တွေရှိပါတယ်။ အဲဒါတွေကတော့ (၁) အသား/ငါး၊ (၂) ကြက်ဥနှစ်လုံး၊ (၃) နို့နှစ်ခွက်၊ (၄) ထမင်း၊ (၅) ခေါက်ဆွဲ၊ (၆) ပေါင်မုန့်၊ (၇) ပဲအမျိုးမျိုး၊ (ဂ) နို့ ထွက်ပစ္စည်း(ဒိန်ချဉ်/ချိစ်)၊ (၉) သစ်သီးမျိုးစုံ၊ (၁၀) အသီးအရွက်၊ (၁၁) တိုဟူး၊ (၁၂) ထောပတ် သီး၊ (၁၃) အာလူး/ရွှေဖရုံသီးတို့ ဖြစ်ပါတယ်။ အဆင်ပြေတာကို ရွေးချယ်ကျွေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top