Healthy Life Ad
International

၀မ်းဗိုက်ချင်းဆက်ကလေးအမြွှာ မွေးဖွားပြီးနောက် ဆေးရုံကဆင်းသွားသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ယောက်ဟာ ဝမ်းဗိုက်ချင်းဆက်အမြွှာကို သဘာဝအတိုင်းမွေးဖွားခဲ့ပြီး နာရီပိုင်းအကြာမှာ ဆေးရုံကဆင်းသွားခဲ့ တယ်လို့ သိရပါတယ်။


မြောက်ပိုင်း အက်တာပရာဒက်ရှ်ရှိ ဘာဝါနီပရာ ဆက်ဆေးရုံမှာ စက်တင်ဘာ ၂ ရက်နေ့က မွေးဖွားခဲ့တဲ့ အမြွှာကလေးနှစ်ယောက်မှာ ခြေလက်အင်္ဂါအစုံနဲ့ တခြားအရေးကြီးတဲ့ ကိုယ်အင်္ဂါတွေပါရှိခဲ့ကြောင်း သိရပါတယ်။ ဝမ်းဗိုက်ချင်းဆက်ကာ မွေးဖွားလာတာ ကြောင့် ကျား၊မ မခွဲခြားနိုင်ဘဲ ချက်ကြိုးတစ်ခုတည်း နဲ့မွေးဖွားလာတဲ့အတွက် သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်းသိရပါတယ်။ကလေး တစ်ယောက်ကိုထိလိုက်ရင် နှစ်ယောက်စလုံးတုံ့ပြန်ကာ ငိုကြွေးတာကိုလည်း တွေ့ရပါတယ်။


ကလေးတွေ ရောမိခင်ပါ လောလောဆယ် ကျန်းမာရေးကောင်းမွန်နေပေမယ့် ကလေးတွေ ရေရှည် အသက်ရှင်သန်ဖို့အတွက် ဆေးဝါးကိရိယာပြည့်စုံတဲ့ တခြားဆေးရုံတစ်ရုံကို သွားရောက်ပြသဖို့ ဆရာဝန် တွေက တိုက်တွန်းခဲ့ပေမယ့် အဆိုပါအမျိုးသမီးဟာ မွေးဖွားပြီး နာရီပိုင်းအကြာမှာ ကလေးတွေနဲ့အတူ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း သိရပါတယ်။ တခြား ဆေးရုံသို့သွား၊ မသွားမသေချာကြောင်းနဲ့ အဆက်အသွယ်လည်း မရှိတော့ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top