Healthy Life Ad
Child

ကလေးကို ပိုလန်ဆေး တိုက်သင့်သလား . . .

မေး ။ ကလေးတွေကို Bee Pollen ဆေး တိုက်သင့်၊ မသင့်နဲ့ ပတ်သက်ပြီး ဆရာ့အယူအဆလေးကို သိပါရစေရှင့်။
မနှင်းမှုန် (Fb)

ပါမောက္ခဦးစောဝင်း(ကလေးအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည်။

ဖြေ ။ ဆရာ့အမြင်ကတော့ မိဘတွေသာမက လူတိုင်းလူတိုင်းက အရာရာမှာ အလွယ်တကူနဲ့ ပျောက်စေ ဆိုတဲ့ ဆေးတွေကို လိုချင်ကြပါတယ်။ ဉာဏ်ကောင်းတဲ့ဆေး၊ အရပ်ရှည်တဲ့ဆေး၊ အသက်ရှည်ပြီး မသေတဲ့ဆေး စသဖြင့် အကုန်လိုချင်ကြတာပဲ။ ဒါတွေကို လိုချင်တော့ လိုက်ရှာနေကြတယ်။ ဒါကြောင့် ဒီလိုပွဲတွေ့ဆေးစွမ်းကောင်းကြီးဆိုသလို ဟိုဟာကောင်း နိုးနိုး၊ ဒီဟာကောင်းနိုးနိုးနဲ့ လိုက်ရှာကြတယ်။ တကယ်တော့ Bee Pollen ဆေးက ဆေးပညာမှာ ဘာမှခိုင်လုံတဲ့ သုတေသနလုပ်ထားတာ မရှိသေးပါဘူး။ လူတွေရဲ့ စိတ်ကို အသုံးပြုပြီး ရောင်းချတဲ့ ဆေးပါပဲ။ နှလုံးရောဂါမှာ သုံးတဲ့ နှလုံးခုန်နှေးစေတဲ့ဆေးဆိုရင် တကယ်ထိရောက်တယ်။ ဒါပေမဲ့ တကယ်ထိရောက်တဲ့ဆေးတိုင်း ဘေးထွက်ဆိုးကျိုးကတော့ ရှိတာပဲ။ မသုံးသင့်တဲ့ သူရှိတယ်။ အာနိသင် သိပ်မရှိတဲ့ လိမ်းဆေးတချို့ကျတော့ ထိရောက်မှုလည်းမရှိဘူး။ ဆိုးကျိုးလည်း မရှိဘူး။ ပြောရရင် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးလည်း မရှိ၊ ဆိုးကျိုးလည်းမရှိဘူး။ ဒါပေမဲ့ လူတွေက စိတ်ချမ်းသာဖို့ သောက်နေကြတယ်။ ဆရာ့အထင်တော့ Bee Pollen လည်း ဒီသဘောအတိုင်းပဲလို့ ထင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top