Healthy Life Ad
International

မကျက်သည့်ငါးများစားပြီးနောက် အသားစား ကပ်ပါးပိုးကူးစက်ခံရသော ဆယ်ကျော်သက်

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ ကာလီဂေါ့ဖ်အမည်ရ ဆယ်ကျော်သက်ကောင်မလေးဟာ ဖီဂျီနိုင်ငံသို့ မိသားစုအလည်အပတ်ခရီးအတွင်း ကောင်းစွာမကျက်တဲ့ငါးတွေ စားခဲ့ပြီးနောက် Gnathostomiasis အမည်ရ အသားစားကပ်ပါးပိုး ကူးစက်ခံခဲ့ရပါတယ်။ ကာလီဟာ အော့အန်တာ၊ အပြင်းအထန်နာကျင်တာတို့ ခံစား ခဲ့ရပါတယ်။ မျက်နှာနဲ့ခြေထောက်တွေ ပူစပ်ပူလောင် ဖြစ်ခဲ့ပြီး အက်ဆစ်လောင်သလိုခံစားခဲ့ရကြောင်း သိရပါတယ်။ ၆နှစ်ကြာပြီးနောက်မှသာ ကာလီရဲ့ခန္ဓာကိုယ်အတွင်းမှာ Gnathostomiasis ကပ်ပါးပိုး ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆရာဝန်တွေက ကပ်ပါးပိုးအစာပြတ်သေဆုံးဖို့ ပြုလုပ်ထားတဲ့ သန်ချဆေးတစ်မျိုးနဲ့ ကုသပေးခဲ့ပါတယ်။ အဆုတ်၊ ဦးနှောက်၊ ဆီးအိတ်၊ အသည်းစတဲ့ ဘယ်လိုခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထဲမဆို ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် မကုသဘဲထားရင် ဒီလိုကပ်ပါးပိုး အမျိုးအစားဟာ အသက်သေဆုံးတဲ့အထိ ဖြစ်ပွားစေနိုင်ကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ ကျက်အောင်ချက်မထားတဲ့ ရေချိုငါး၊ ကြက်သား၊ ငါးရှဉ့်၊ ဖားနဲ့ တွားသွားသတ္တဝါအမျိုးအစားတွေမှ တဆင့် ကူးစက်တတ်ပြီး အရှေ့တောင်အာရှ၊ ဗဟိုနဲ့ တောင်အမေရိကဒေသနဲ့ အာဖရိကအချို့နေရာတွေမှာ ဒီပိုးကိုတွေ့ရှိရကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top