Healthy Life Ad
Life Style

တန်ဖိုးမဲ့သော ကြွယ်ဝခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဦးထင်လင်းဟာ သူ့ခြံထဲက လျှို့ဝှက်နေရာ လေးတစ်ခုမှာ ရွှေတွေကို မြှုပ်နှံထားခဲ့ပါတယ်။ နေ့တိုင်း အဲဒီနေရာကိုသွားပြီး သူမြှုပ်ထားတဲ့ ရွှေဒင်္ဂါးတွေကို တူးကြည့်တယ်။ ပြီးတော့ ရှိတာ သေချာလားဆိုပြီး တစ်ခုချင်း ရေတွက်ကြည့်တယ်။ အဲဒီလို နေ့တိုင်း နေ့တိုင်း လုပ်ဖန်များတော့ သူခိုးတစ်ယောက်က သူဝှက်ထားတဲ့နေရာကို ရိပ်စားမိသွားခဲ့တယ်။ တစ်ညမှာတော့ သူခိုးက တိတ်တဆိတ်နဲ့ ရွှေဒင်္ဂါးတွေကို တူးဆွပြီး ခိုးယူသွားပါတော့တယ်။

ဦးထင်လင်းတစ်ယောက် သူ့ရွှေတွေ မရှိတော့မှန်းသိလိုက်ရတဲ့အခါ ဝမ်းနည်းပက်လက်ဖြစ်ပြီး အကြီးအကျယ် သောကရောက်ရရှာတော့တယ်။ ငိုလိုက်၊ ရယ်လိုက်နဲ့ ဆံပင်မဖြီးနိုင်၊ အဝတ်အစားမလဲနိုင်နဲ့ စိတ်ဓာတ်တွေကျနေခဲ့တယ်။

သူ့မိတ်ဆွေ ဦးကောင်းက သတင်းကြားတာနဲ့ ဦးထင်လင်းဆီ ဖြစ်ကြောင်းကုန်စင်ကို လာမေးတယ်။

“ငါ့ရွှေတွေ၊ ငါ့ရွှေတွေ . .” ဦးထင်လင်းက အထစ်ထစ်အငေါ့ငေါ့နဲ့ ငိုယိုရင်း ဖြေတယ်။

“သူခိုး ခိုးသွားပြီ . . .”
“မင်းရွှေတွေကို ဘယ်မှာ သိမ်းထားတာလဲ” ဆိုတော့ ဦးထင်လင်းက သူထားတဲ့ မြေကျင်းလေးကို ညွှန်ပြတယ်။

“ဘာလို့ အဲဒီမှာသိမ်းထားတာလဲ၊ အိမ်ထဲမှာ မထားဘူးလား၊ အဲဒါတွေကို မသုံးစွဲဘူးလား”လို့ မေးတော့-
“မသုံးဘူး။ အနှစ်နှစ်အလလ စုဆောင်းပြီး ဝယ်ထားတာ၊ ရွှေတွေကို သုံးဖို့နေနေသာသာ ထိ တောင်မထိရက်ဘူး”
ဒါနဲ့ဦးကောင်းက ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကိုကောက်ယူပြီး မြေကျင်းအပေါက်ထဲကို ပစ် ထည့်လိုက်တယ်။

“ဒီကျောက်တုံးကိုမြေဖို့လိုက်ပါ။ ပြီးရင် ဒါကိုရွှေတွေထည့်ထားတယ်လို့သာ သဘောထားလိုက်၊ ခင်ဗျားဘာများဆုံးရှုံးစရာရှိလို့လဲ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top