Healthy Life Ad
Health Tips

ညရှစ်နာရီထိုးပြီးချိန် ရှောင်သင့်သည့် အစာများ

၊ ငွေစင်ကြယ်ယံ ၊

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ ညရှစ်နာရီကျော်ချိန်မှာ အောက်ပါအစားအသောက်တွေကို ရှောင်သင့်ပါတယ်။

(၁) ချောကလက်
အညိုရောင်ချောကလက်မှာ မဂ္ဂနီဆီယမ်နဲ့ အင်တီအောက်ဆီးဒင့်ပါဝင်ပေမယ့် ကဖင်းဓာတ်လည်း ပါဝင်တာကြောင့် ညရှစ်နာရီကျော်ချိန် စားရင် လန်းဆန်းပြီး အိပ်ချင်စိတ်ကင်းနေစေပါတယ်။

(၂) အခွံမာစေ့
ကောင်းတဲ့ အဆီပါဝင်တဲ့ အခွံမာစေ့ကို စားသင့်တာ မှန်ပေမယ့် ညရှစ်နာရီနောက်ပိုင်းစားရင် အဆီတွေက အလွန်နှေးကွေးစွာ ချေဖျက်တတ်တဲ့အတွက် အစာအိမ်ထဲမှာ ပမာဏ များများ ရှိနေစေပါတယ်။ ဒါကြောင့် အစာမကြေဖြစ်တတ်တဲ့အတွက် ည ရှစ်နာရီကျော်ချိန်မှာ ရှောင်သင့်ပါတယ်။

(၃) အယ်လ်ကိုဟော
အရက်အလွန်အမင်းသောက်ရင် သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကာ အိပ်စက်တဲ့ စက်ဝန်းကို အဟန့်အတားဖြစ်စေပါတယ်။ ညဘက်မှာ အရက်သောက်တာကြောင့် အိပ်ငိုက်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့အဆင့်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာလည်း မလန်းဆန်းဘဲ ရှိတတ်ပါတယ်။

(၄) အဆင်သင့်အစားအစာ
ညဘက်မှာ သကြားနဲ့ ပြည့်ဝဆီတွေ ပါဝင်တဲ့ အဆင်သင့်အစာတွေကို ရှောင်ပါ။ အကြောင်းကတော့ အဆင်သင့်အစာများများစားတာကြောင့် အိပ်မက်ဆိုးမက်စေနိုင်လို့ပါ။ စိတ်နဲ့ ခန္ဓာဂျာနယ်ရဲ့ လေ့လာမှုငယ်အရ ညအိပ်ရာမဝင်ခင် အဆင်သင့်အစာစားလေ့ ရှိသူ လူ ၁၀ ယောက်မှာ ခုနစ်ယောက်ဟာ ညဘက်အိပ်မက်ဆိုး မက်နိုင်ခြေများတယ်လို့ သိရပါတယ်။

(၅) ပူစပ်သော အစာများ
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ ညအိပ်ရာမဝင်ခင် ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစာတွေကို ရှောင်ပါ။ ပူစပ်တဲ့ အစာတွေကို စားတာကြောင့် ကိုယ်အပူချိန်ကို အနည်းငယ် မြင့်တက်စေနိုင်တဲ့အတွက် အိပ်ရေးပျက်စေတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top