Healthy Life Ad
International

၁၁ ရက်ဆက်တိုက်အိပ်ပျော်သွားသည့် ကလေးငယ်ကြောင့် ဆရာဝန်များခေါင်းခြောက်နေ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၇ နှစ်အရွယ် ဝိုင်းရက်ရှောဆိုတဲ့ ကလေးငယ်ဟာ အောက်တိုဘာလဆန်းပိုင်းက ဦးလေးမင်္ဂလာပွဲကပြန်လာပြီးနောက် အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ မိခင် အေမီကနှိုးတဲ့အခါ ကလေးကပြန်အိပ်ပျော်သွားခဲ့ပါတယ်။ အခြေအနေပုံမှန်မဟုတ်တာကြောင့် မိခင်က ဆေရုံသို့ ခေါ်သွားခဲ့ပါတယ်။

ဆရာဝန်တွေက စမ်းသပ်စစ်ဆေးမှုမျိုးစုံပြုလုပ်ခဲ့ပေမယ့် ရလဒ်ရေရေရာရာမတွေ့တာကြောင့် ခေါင်းခြောက်ခဲ့ကြပါတယ်။ နာမည်ကျော်ဆရာဝန်တွေ၊ ဗြိတိန်က ဆရာဝန်တွေပါ အကူအညီတောင်းခဲ့ပေမယ့် ကလေးငယ်ဘာဖြစ်တယ်ဆိုတာ ရှာဖွေနိုင်ခဲ့ခြင်းမရှိပါဘူး။ တက်တာကို ကုသတဲ့ဆေးဝါးတွေနဲ့ ကုသခဲ့ကြပေမယ့် ကလေးဟာ နောက်ထပ် ၁၀ ရက်ကြာအိပ်ပျော်နေခဲ့ပါတယ်။ ၁၁ ရက်မြောက်နေ့မှာ နိုးထလာခဲ့ပြီး လမ်းလျှောက်တာ၊ စကားပြောရာမှာ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အခြေအနေဟာ တိုးတက်လာနေပြီး ပြန်လည်ထူထောင်ရေးပြုလုပ်ပေးဖို့ လိုအပ်နေကြောင်းသိရပါတယ်။ အိပ်စက်တဲ့ စက်ဝန်းကို ထိခိုက်စေတဲ့ ရောဂါအမျိုးအစား အမျိုးမျိုးရှိကြပြီး အဲဒီထဲမှာ narcolepsy ခေါ်တဲ့ လက္ခဏာမပြဘဲ ချက်ချင်းအိပ်ပျော်တဲ့ရောဂါနဲ့ တစ်ခါအိပ်တိုင်း အချိန်အကြာကြီးအိပ်စက်လေ့ရှိတဲ့ Kleine-Levin ရောဂါတို့ပါဝင်ကြပါတယ်။ Kleine-Levin ရောဂါဝေဒနာရှင်တွေဟာ သီတင်းပတ်များစွာ ဒါမှမဟုတ် လပေါင်းအတော်ကြာတဲ့အထိ အိပ်စက်လေ့ရှိကြပြီး အိပ်စက်နေချိန်မှာ အစားစားတာနဲ့ အပေါ့အပါးသွားတာတို့အတွက်သာ နိုးထလေ့ရှိကြောင်း သိရပါတယ်။ ဝိုင်းရက်ရှောရဲ့ အခြေအနေမှာတော့ ဒီ ရောဂါအမျိုးအစားတွေမဟုတ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top