Healthy Life Ad
International

လက်ပေါ်မှ သစ်ခေါက်ပုံစံအနာများကြောင့် အိမ်တွင်းပုန်းနေသူ ဆေးကုသမှုခံယူနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

ဂါဇာဒေသမှ အသက် ၄၂နှစ်အရွယ် မိုဟာမက်တာလူလီဟာ Epidermodysplasia verruciformis(EV) အမည်ရ သစ်ပင်လူသားရောဂါ ခံစားနေရတာ ၁၀ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ရောဂါကြောင့် လက်တစ်ဖက်မှာ သစ်ခေါက်ပုံစံအနာတွေ ဖုံးအုပ်နေတာကြောင့် အိမ်အပြင်မထွက်နိုင်ဘဲ အိမ်တွင်းပုန်းနေခဲ့ရပါတယ်။

အစ္စရေးနိုင်ငံဟာဒါဆားဆေးစင်တာမှ ခွဲစိတ်ဆရာဝန်တွေက ယခုအခါ တာလူလီရဲ့လက်မှ အနာတွေကို ဖယ်ရှားခွဲစိတ်ပေးခဲ့ကြပါတယ်။ လက်အရေပြားတွေမရှိတော့တာကြောင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှ အရေပြားတွေယူကာ ဒဏ်ရာကိုဖုံးအုပ်ပေးခဲ့ကြပါတယ်။ ခွဲစိတ်မှုအတွင်း ရောဂါကူးစက်မှာစိုးရိမ်တာကြောင့် ဆရာဝန်တွေဟာ လက်အိတ်နှစ်ထပ်နဲ့ အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေ တပ်ဆင်ခဲ့ကြရပါတယ်။ ရောဂါကအန္တရာယ်ရှိကာ ကင်ဆာဖြစ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်းမှာ အနာကျက်သွားဖို့မျှော်လင့်ကာ လူနာရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

EV ရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ အရေပြားရောဂါမျိုးဖြစ်ပြီး human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့အတူ ခန္ဓာကိုယ်ပေါ်မှာ ကြွက်နို့ဆန်ဆန် နီညိုရောင်သစ်ခေါက်ပုံစံ အနာတွေပေါက်စေတတ်ပါတယ်။ မိဘတစ်ယောက်ဆီမှ မူမမှန်တဲ့ EV မျိုးဗီဇတစ်ခုစီပေါင်းစပ်တဲ့အခါ မျိုးရိုးလိုက် အရေပြားရောဂါဖြစ်ပွားစေတတ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top