Healthy Life Ad
International

ဗိုက်ထဲကကလေး ကန်ချက်ပြင်းသဖြင့် သားအိမ်ပေါက်သွားသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ဗိုက်ထဲကကလေး ကန်ချက်ပြင်းတာကြောင့် ကလေးရဲ့ခြေထောက်ဟာ သားအိမ်အပြင်ဘက် ပေါက်ထွက်သွားခဲ့ပါတယ်။ အပြင်းအထန် ဗိုက်နာတာကြောင့် အဆိုပါအမျိုးသမီးဟာ ဆေးရုံတက်ခဲ့ရပါတယ်။

ဆရာဝန်တွေက ကွန်ပျူတာဓာတ်မှန်စစ်ဆေးခဲ့ကြပြီး သန္ဓေသားကန်တာကြောင့် သားအိမ်နံရံ စုတ်ပြဲသွားတာကို အံသြဖွယ်တွေ့ခဲ့ရပါတယ်။ ပိုးဝင်တာ၊ သွေးလွန်တာ၊ နောက်ဆုံး ကလေးအသက်အန္တရာယ်ပါ ရှိနိုင်တာကြောင့် ဆရာဝန်တွေက ပုံမှန်ထက် စောပြီး အရေးပေါ်ကလေးမွေးပေးခဲ့ရပါတယ်။ ကံကောင်းထောက်မစွာ မိခင်ရောမွေးဖွားလာတဲ့ သမီးလေးပါ ကျန်းမာရေးကောင်းမွန်ကြကြောင်း သိရပါတယ်။

ဆရာဝန်တွေအဆိုအရ အဆိုပါ အမျိုးသမီးမှာ ယခင်က ခွဲစိတ်ထားတာကြောင့် သားအိမ်နံရံမှာ အမာရွတ်တစ်ခုရှိခဲ့ပြီး ကလေးကန်တာကြောင့် အဲဒီချုပ်ရိုးရာကတဆင့် ပေါက်သွားခဲ့တယ်လို့ သိရပါတယ်။ အလွန်ရှားပါးတဲ့ ဖြစ်စဉ်မျိုးဖြစ်ပြီး သူတို့အတွေ့အကြုံအရ ဒီလိုအဖြစ်အပျက်မျိုး မကြုံတွေ့ခဲ့ဖူးဘူးလို့ ခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့ ပီကင်းတက္ကသိုလ်ရှန်ဇန်ဆေးရုံမှ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top