Healthy Life Ad
International

ဗြိတိန်နိုင်ငံ၏ အကြီးဆုံးမိသားစုက ၂၀ ယောက်မြောက် ကလေးကိုမွေးဖွားပြီးနောက် နောက်ကလေးယူရန် အစီအစဉ်မရှိတော့ဟုဆို

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးမိသားစုဖြစ်တဲ့ ရက်ဒ်ဖို့စ်မိသားစုက ကိုယ်အလေးချိန် ၈ ပေါင် ၆ အောင်စရှိတဲ့ ၂၀ ယောက်မြောက်ကလေးကို မွေးဖွားခဲ့ပြီး နောက်နောက်ထပ်ကလေးယူဖို့ အစီအစဉ်မရှိတော့ကြောင်း ပြောကြားလိုက်ပါတယ်။


အသက် ၄၆နှစ်အရွယ် နိုရယ်နဲ့ အသက် ၄၂နှစ် အရွယ်စူးရက်ဒ်ဖို့စ်တို့ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့နှစ် ၃၀ နီးပါးအတွင်း ကလေးအယောက်၂၀ကိုမွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ ငယ်ရီးစားတွေဖြစ်ကြတဲ့ သူတို့စုံတွဲဟာ ဇနီးဖြစ်သူ ဆူးအသက် ၁၄ နှစ်အရွယ်မှာ ပထမကိုယ်ဝန်ရှိလာခဲ့တာဖြစ်ပြီး သားအကြီးဆုံး ခရစ်စ်ဟာ ယခုအခါ အသက် ၂၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ မြေး ၃ ယောက်ရနေပြီလို့လည်း သိရပါတယ်။ စုံဂဏန်းနဲ့ပိတ်လိုက်နိုင်တဲ့အတွက် ဝမ်းသာမိတယ်လို့ ဆူးက ပြောကြားခဲ့ပါတယ်။


သူတို့ဇနီးမောင်နှံဟာ များပြားလွန်းတဲ့ ကလေး တွေရဲ့ နေထိုင်စားသောက်မှုအတွက် နေ့စဉ်နေ့တိုင်း ကြီးမားတဲ့ တာဝန်တွေကို ခွဲဝေထမ်းဆောင်ကြ ကြောင်း သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း မိသားစုလိုက် နိုင်ငံခြားသို့ အပန်းဖြေခရီးထွက်တာအပါအဝင် သူတို့မိသားစုရဲ့ အသုံးစရိတ်ဟာ တစ်နှစ် စတာလင်ပေါင် ၃၀ဝ၀ဝ ခန့်ရှိကြောင်းလည်း သိရပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top