Healthy Life Ad
Q & A

စိတ်ဖိစီးမှုမများအောင် . . .

မေး။ ။ စိတ်ဖိစီးမှုမများအောင် ဘယ်လိုလုပ်ရမလဲ။
Naing Nang (FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ စိတ်ဖိစီးမှုဆိုတာ နည်းနည်းရှိရင်ကောင်းပါတယ်။ စိတ်ဖိစီးမှုနည်းနည်းရှိမှ ‘ငါရအောင်လုပ်မယ်’ဆို တဲ့ ကြိုးစားချင်စိတ်ရှိမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုသိပ်များရင်တော့ မကောင်းပါဘူး။ ပြောရရင် စိတ်ဖိစီးမှုဆိုတာ လူတိုင်း၊ လူတိုင်းမှာရှိပါတယ်။ အဲဒီစိတ်ဖိစီးမှုကို ကိုယ်က ဘယ်လိုရင်ဆိုင်သလဲဆိုတာကပဲ အရေးကြီးပါတယ်။

စိတ်ဖိစီးမှုကိုကောင်းတဲ့ဘက်က ကြည့်မယ်၊ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ထိခိုက်လောက်တဲ့အထိ စိတ်ဖိစီးမခံရဘူး။ တချို့ကျောင်းသားလေးတွေက စာကြိုးစားပြီး ဆေးကျောင်းတက်ခွင့်ရဖို့တစ်မှတ်ပဲလိုတော့တယ်ဆိုရင် စိတ်ဓာတ်ကျပြီး ဘာအလုပ်မှမလုပ်တော့တာမျိုး၊ သတ်သေဖို့ ကြိုးစားတာမျိုးရှိတတ်တယ်။ ဘဝမှာ ဘယ်ဟာဖြစ်မှ၊ ဘယ်လိုဖြစ်မှမဟုတ်ဘူး။

ကိုယ်ရောက်တဲ့နေရာမှာအကောင်းဆုံး ကြိုးစားဖို့ပဲလိုတာပါ။ စိတ်ဖိစီးမှုဆိုတာ မကိုင်တွယ်တတ်ရင် လူတစ်ယောက်ကို သေအောင်လုပ် နိုင်တယ်။ ဒါကြောင့် ဘဝနေနည်းပညာနဲ့ စိတ်ဖိစီးမှုရှိလာရင် ထိန်းချုပ်ကိုင်တွယ်တတ်အောင် ကြိုးစားရမယ်။ အဲဒီဘဝနေနည်းပညာကိုရရှိဖို့ စာတွေဖတ်ရပါမယ်။ စာကောင်းပေမွန်ထဲမှာ ဘဝနေနည်းပညာတွေအများကြီးရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top