Healthy Life Ad
International

ဘတ်စ်ကားတိုက်ရာက ဆုံးရှုံးခဲ့တဲ့ လက်နှစ်ဖက်ကို ပြန်လည်အစားထိုးနိုင်ခဲ့သည့် ဆယ်ကျော်သက်

၊ ZKO ၊

ဆယ်ကျော်သက်ကောင်မလေး ရှာရီယာသည် ပြင်းထန်သော ဘတ်စ်ကားတိုက်မှုကြောင့် လက်မောင်းနှစ်ဖက်စလုံး ဆုံးရှုံးသွားခဲ့ရာ ယခုအခါ ကမ္ဘာပေါ်တွင် ပထမဆုံး လက်နှစ်ဖက်စလုံးအစားထိုး ကုသနိုင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

မတော်တဆထိခိုက်မှုကြောင့် ရှာရီယာသည် လက်တံတောင်ဆစ်အထက်မှစ၍ လက်နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရသည်။ သူမသည် လက်အတုတပ်ခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ သုံးနိုင်ခဲ့သည်။ ပြီးခဲ့သောလက အသက် ၂၀ အရွယ် ကျောင်းသားလေး ဆိုင်ကယ်မှောက်ပြီး အသက်အန္တရာယ်ရှိသော ဦးနှောက်ထိခိုက်ဒဏ်ရာရခဲ့ရာ သူ့မိဘများက သားဖြစ်သူ၏ လက်နှစ်ဖက်ကိုလှူဒါန်းခဲ့သည်။

ရှာရီယာ၏ လက်နှစ်ဖက်ကို ၁၃ နာရီကြာ တပ်ဆင်ပေးခဲ့ပြီး အာရှတွင် ပထမဆုံး လက်နှစ်ဖက်စလုံး အစားထိုးသူဖြစ်လာခဲ့သည်။ ယခုအခါ ရှာရီရာသည် ဆေးရုံမှဆင်းကာ ကိုယ်ကာယပြန်လည်သန်စွမ်းရေးနှင့် ပြန်လည်လှုပ်ရှားနိုင်စေရေး အစီအစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “တစ်နှစ်အတွင်း ပုံမှန်နီးပါး ကောင်းမွန်တဲ့ဘဝကိုရအောင် လေ့ကျင့်သွားပြီး နောင်နှစ်နှစ်လောက်ကြာရင် ပုံမှန်ပျော်ရွှင်တဲ့ဘဝမှာ နေနိုင်တော့မှာဖြစ်ပါတယ်။ မတော်တဆထိခိုက်မှုမဖြစ်ခင်က အိပ်မက်တွေကို ပြည့်ဝအောင် ဆက်လက်အကောင်အထည်ဖော်သွားမှာပါ” ဟု ရှာရီယာက ဆိုသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top