Healthy Life Ad
International

အလေးချိန်ပေါင် ၁၃၂ ရှိတဲ့ခြေထောက်ကြောင့်အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကလေးနှစ်ယောက်မိခင် အသက် ၄၀ အရွယ် ရီဇီယာဘီဂျန်ရဲ့ ညာဘက်ခြေ ထောက်ဟာ အလေးချိန် ပေါင် ၁၃၂ ရှိနေပါတယ်။လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ရောဂါစဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ မိသားစုဆွေမျိုးတွေရဲ့ ထောက်ပံ့မှုနဲ့ နေထိုင်နေရပြီး ဆင်းရဲတဲ့မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ သူကပြောပါတယ်။


လောလောဆယ် ဒါကာဆေးကောလိပ်မှာ တက်ရောက်ကုသနေပြီး ဘာရောဂါဆိုတာသိရှိဖို့ စစ်ဆေးဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ ဆင်ခြေ ထောက်ရောဂါဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆနေကြပြီး ဒီရောဂါက ကမ္ဘာအနှံ့ဖြစ်ပွားသူ သန်း ၁၂၀ ပတ်ဝန်းကျင်ရှိနေပါတယ်။ အပူပိုင်းဒေသတွေမှာ အဖြစ်များကာ ခြင်မှတဆင့်ကူးစက်တတ်ပါတယ်။ သွေးဖြူဆဲလ်စနစ်ပျက်စီးစေတဲ့ရောဂါ အမျိုးအစား ဖြစ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အဆမတန်ကြီး ထွားလာတတ်ပါတယ်။ ထိခိုက်ခံရတဲ့ ခန္ဓာကိုယ်အ စိတ်အပိုင်းတွေမှာ အရည်စုဖွဲ့မှုဖြစ်ပွားပြီး ဝေဒနာရှင်တွေမှာ လမ်းမလျှောက်နိုင်တာ၊ ဆီးမသွားနိုင်တာစတဲ့ ရောဂါလက္ခဏာတွေ ခံစားရလေ့ရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ကမ္ဘာ့နိုင်ငံ ၇၃နိုင်ငံ ရှိ လူဦးရေ ၁ ဒသမ ၄ ဘီလျံမှာ ဒီရောဂါရဲ့ ခြိမ်းခြောက်မှုခံ နေရကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top