Healthy Life Ad
International

မိဘများစိတ်ဆင်းရဲမည် စိုး၍ ကင်ဆာဖြစ်နေသည်ကို ဖုံးကွယ်ထားသော ၁၃ နှစ်အရွယ် ဆယ်ကျော်သက်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ ကင်ဆာရှိနေတာကို စစ်ဆေး သိရှိခဲ့ပေမယ့် မိဘတွေစိတ်ဆင်းရဲမှာစိုးတာကြောင့် ဖုံးကွယ်ထားခဲ့ပါတယ်။


ကင်ဆာရောဂါဖြစ်နေတယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာခဲ့ပေမယ့် မိဘတွေ အထိတ်တလန့် ဖြစ်သွားမှာ စိုးရိမ်တာကြောင့် မပြောပြခဲ့ပါဘူး။ တခြားသူတွေကိုမပြောပြဖို့ ကတိတောင်းခဲ့ပြီးနောက် ဦးလေးဖြစ်သူကိုသာ ပြောပြခဲ့ပါတယ်။ သူရဲ့အဘွားဖြစ်သူဟာလည်း ကင်ဆာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးလို့ သူက ပြောပြပါတယ်။ တဖြည်းဖြည်းအားနည်းလာကာ လမ်းတောင်မလျှောက်နိုင်ဖြစ်လာတဲ့ အခြေအနေကြောင့် နောက်ဆုံးမှာ မိဘတွေက သူရဲ့ အခြေအနေကို သိရှိသွားကြပါတယ်။

လူငယ်လေးမှာ ရိုးတွင်းခြင်ဆီလဲလှယ်ဖို့ လိုအပ်နေပြီး ခွဲစိတ်မှုက အိန္ဒိယရူပီးငွေ ၁ ဒသမ ၅ သန်းခန့် ကုန်ကျနိုင်ပါ တယ်။ မိဘတွေက လယ်သမားတွေဖြစ်ပြီး မိုးခေါင်တာကြောင့် စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အကြွေးတွေတင်နေတာကြောင့် ဆေးကုသစရိတ်အတွက် အခက်ကြုံနေရပါတယ်။ အခုအခါ ကလေးရဲ့ဖခင်နဲ့ ဦးလေးဖြစ်သူတို့ဟာ ဆေးကုစရိတ်ရရှိဖို့ ပရဟိတအဖွဲ့တွေ၊ အွန်လိုင်းအလှူခံဝက်ဘ်ဆိုဒ်တွေကနေ တဆင့် အလှူငွေရရှိဖို့ ကြိုးစားနေကြပါတယ်။
( Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top