Healthy Life Ad
Health Tips

လေဖြတ်ဝေဒနာမရမီ သတိပေးလက္ခဏာများကို လျစ်လျူမရှုသင့်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လူတစ်ယောက် လေဖြတ်တော့မယ်ဆိုရင် လေဖြတ်ခါနီး အချိန်သုံးနာရီအတွင်းမှာ ကြိုတင်ပြီး သိရှိနိုင်တယ်လို့ဆိုပါတယ်။

လေဖြတ်တော့မည့် သတိပေးလက္ခဏာများ

– ဘယ်ဘက်လက်မောင်း၊ ဘယ်ဘက်ခြေထောက်နဲ့ မျက်နှာရဲ့ ဘယ်ဘက်အခြမ်းမှာ ထုံကျဉ်တာ၊

– ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း အကြောဆွဲတာ/အပြည့်အဝ အကြောဆွဲတာ၊

– မျက်စိတစ်ဖက်တည်းနဲ့ အမြင်ဝေ၀ါးတာ၊ မျက်စိနှစ်ဖက်စလုံး အမြင်ဝေ၀ါးတာ၊

– ခေါင်းမူးတာနဲ့ သတိလစ်မေ့မျောတာ စတာတွေက လေဖြတ်ခါနီး ဖြစ်တတ်တဲ့ သတိပေးလက္ခဏာတွေဖြစ်ပါတယ်။

တစ်စုံတစ်ယောက် လေဖြတ်တော့မှာလားဆိုတာ သိနိုင်ဖို့ အောက်ပါအဆင့်လေးဆင့်ကို လိုက်နာသင့်ပါတယ်။

အဆင့် (၁) ပြုံးပြခိုင်းပါ (လေဖြတ်တော့မယ်ဆိုရင် ပြုံးနိုင်ဖို့ ခက်ခဲပါတယ်။)

အဆင့် (၂) ရိုးစင်းတဲ့ ဝါကျပြောခိုင်းပါ (ဥပမာ ဒီနေ့ နေသာတယ် ဆိုတာမျိုးပေါ့) မပြောနိုင်ရင် လေဖြတ်နိုင်ခြေများပါတယ်။

အဆင့် (၃) လက်နှစ်ဖက်လုံးကို မြှောက်ခိုင်းကြည့်ပါ (လေဖြတ်တော့မယ်ဆိုရင် လက်ကို လုံးဝမမြှောက်နိုင်တာမျိုး ဒါမှမဟုတ် အပြည့်အဝမမြှောက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။)

အဆင့် (၄) လျှာကိုထုတ်ခိုင်းပါ (လျှာက လိမ်နေ၊ စောင်းနေရင် လေဖြတ်တော့မယ့် လက္ခဏာပါ)

လူနာက ဒီလက္ခဏာတွေအနက် တစ်ခုပဲဖြစ်တယ်ဆိုရင်တောင် အရေးပေါ်လူနာတင်ယာဉ် ခေါ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top