Healthy Life Ad
International

မှင်စာလေးဟု အခေါ်ခံနေရသော ရုပ်ရည် သွင်ပြင်ပျက်စီးကာ မွေးဖွားလာသည့် ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှာ မကြာသေးမီက မျက်နှာသွင် ပြင် ဆိုးဆိုးရွားရွားချို့ယွင်းနေတဲ့ ကလေးငယ်တစ် ယောက်မွေးဖွားလာခဲ့ပါတယ်။ မျက်အိမ်မှ ထွက်ကျနေတဲ့ ကြီးမားတဲ့မျက်လုံးတွေနဲ့အတူ နား၊ နှာခေါင်းမပါဘဲ မွေးဖွားလာတာကြောင့် တစ်ရွာလုံးက လာရောက်ကြည့်ရှုနေကြကာ မှင်စာလေးလို့ ရွာသားတွေက လှောင်ပြောင် နာမည်ပေးနေကြပါတယ်။

မိခင် ကရစ်ရှမာက ညပိုင်းမှာ မီးနေခန်းထဲ ဝင်သွားခဲ့ပြီး မနက် ၄နာရီအချိန်မှာ ကိုယ်အလေးချိန် ၅ပေါင်ရှိတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါ တယ်။ ကလေးပုံပန်းသဏ္ဍာန်ကြောင့် မိခင်ကိုယ် တိုင်ထိတ်လန့်သွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ အာရှက်ကတော့ ဘုရားပေးတဲ့လက်ဆောင်လို့ သဘောထားနေပြီး ကောင်းကောင်းမွန်မွန်ကြီးပြင်းဖို့ တတ်နိုင်သလောက် ကြိုးစားမယ်လို့ ပြောပြပါတယ်။

နှစ်နှစ် အရွယ်သမီးတစ်ယောက်ရှိတဲ့ သူတို့ဇနီးမောင်နှံက ကလေးသက်ရှည်ကျန်းမာဖို့ အစွမ်းကုန်ဂရုစိုက် သွားမယ်လို့ ပြောပြခဲ့ပါတယ်။ ကလေးမှာ ခြေလက်အင်္ဂါအစုံပါပြီး အသက်ကောင်းကောင်းရှူနိုင်တာကြောင့် အသက်ရှင်မယ်လို့ ဆရာဝန်တွေကလည်း ခန့်မှန်းထားကြပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top