Healthy Life Ad
Health Tips

အိမ်မောကျနေချိန်မှာပိုလှလာစေမည့် နည်းလမ်း(၇)သွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နည်းလမ်း(၁) ရှားစောင်းလက်ပပ်ဖြင့် မျက်နှာပေါင်းတင်ခြင်း
ရှားစောင်းလက်ပပ်အနှစ်သားက အသားဖြူစေပြီး ဝက်ခြံဖုတွေကို ပျောက်စေပါတယ်၊ အရေးကြောင်း ကင်းစင်စေပါတယ်။ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ . . ဘယ်လိုအသားအရေ အတွက်မဆိုသုံးနိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်သုံးတာ အကောင်းဆုံးပါ။

နည်းလမ်း(၂) မျက်လုံးအောက်တွင် ဗီတာမင်အီးဖြင့် ပေါင်းတင်ခြင်း
မျက်ဝန်းအောက် အရေပြားက ခြောက်သွေ့၊ ပါးလျတာကြောင့် အရေးကြောင်းထင်လွယ်ပါတယ်။ အိုမင်းတာကို ကာကွယ်ဖို့ အိပ်ရာမဝင်ခင် ဗီတာမင်အီးနဲ့ ပေါင်းတင်ပေးပါ။ ပြုလုပ်နည်းက ဆေးဆိုင်က ဗီတာမင်အီးဆေးတောင့်ကိုယူပြီး အရည်ကို မျက်ဝန်းအောက်မှာ ခပ်ပါးပါး လိမ်းပေးဖို့ပါ။ ငါးကြေးဆီ ဒါမှမဟုတ် သံလွင်ဆီကိုသုံးရင် ပိုကောင်းပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်ပဲ လိမ်းပါ။

နည်းလမ်း(၃) မျက်တောင်နှင့် မျက်ခုံးကို ကြက်ဆူဆီလိမ်းခြင်း
မျက်တောင်နဲ့ မျက်ခုံးကို ကြက်ဆူဆီလိမ်းပေးရင် အရှည်မြန်ပြီး နက်မှောင်တတ်ပါတယ်။ အိပ်ရာမဝင်ခင် ညတိုင်း လိမ်းပေးပါ။

နည်းလမ်း(၄) နှုတ်ခမ်းသားပေါ် အုန်းဆီလိမ်းခြင်း
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားပေါ် အုန်းဆီလိမ်းပေးပြီး အိပ်ပါ။

နည်းလမ်း(၅) ဆံပင်အစိုဓာတ်ထိန်းခြင်း
မနက်ခေါင်းလျှော်မယ်ဆိုရင် ညဘက်မှာ ဆံပင်ကို သံလွင်ဆီ လိမ်းပေးပါ။

နည်းလမ်း(၆) လက်ကို နူးညံ့အောင် ထိန်းသိမ်းခြင်း
လက်တွေ နူးညံ့စိုပြည်အောင် အိပ်ရာမဝင်ခင် ဒီနည်းလမ်းကို သုံးပါ။

– လက်ဆေးပြီး ကြေးချွတ်ဆပ်ပြာ လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပြီး တစ်ဖန်ပြန်ဆေးပါ။

– လက်တွေကို ခြောက်သွေ့အောင်သုတ်ပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။

– လက်အိတ်စွပ်ပြီး အိပ်ရာဝင်ပါ။

နည်းလမ်း(၇) ခြေထောက်အသားမာများဖယ်ခြင်း
ခြေထောက်အသားမာတွေကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလိမ်းပေးပါ။ ခြေအိတ်ဝတ်ပြီး အိပ်ရာဝင်ပါ။ မနက်ခင်းမှာ ခြေဖနောင့်ကို ကြေးချွတ်ကာ ခြောက်သွေ့အောင်သုတ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top