Healthy Life Ad
Health Tips

အမျိုးသားကျန်းမာရေးကောင်းစေမည့် အစာ ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ကမာကောင်
ကမာကောင်မှာ အမျိုးသားတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဇင့်(သွပ်)ဓာတ် အပြည့်အဝပါဝင်နေပါတယ်။ ဇင့်ဓာတ်က ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပြီး သုက်ကောင်ရေတိုးစေပါတယ်။

(၂) ငါးအဆီ
ငါးအဆီမှာပါတဲ့ ပိုလီမပြည့်ဝဆီက နှလုံး၊ သွေးလှည့်ပတ်မှုနဲ့ ကိုယ်ခံအားစနစ်စတာတွေကို အားကောင်းစေပြီး ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။

(၃) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ စတန်နောဓာတ်ဟာ သွေးတွင်း ကိုလက်စထရော မြင့်တက်မှုကို သိသိသာသာ လျော့ကျစေပါတယ်။

(၄) ကောက်နှံတစ်ခုလုံးအစာ
ကောက်နှံတစ်ခုလုံးအစာကို စားတာကြောင့် မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် ဆီးကျိတ်နဲ့ ကြွက်သားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


(၅) ငှက်ပျောသီး
ငှက်ပျောသီးမှာစွမ်းအင်ကောင်းကောင်း ပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် B6ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်၊ အာရုံကြောစနစ်တို့ကို ကောင်းမွန်စေပြီး ပရိုတင်းချေဖျက်ရာမှာ ကူညီပါတယ်။

(၆) စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး
စတော်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတွေကို စားတာကြောင့် အသက်အရွယ်ကြီးချိန်မှာ ဖြစ်တတ်တဲ့ ဦးနှောက်လုပ်ငန်းဆောင်တာ လျော့ကျမှုကို ကာကွယ်ပေးပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။


(၈) ပဲပုပ်စေ့
ပဲပုပ်စေ့မှာ အိုင်ဆိုဖလေဗုန်းဒြပ်ပေါင်း ပါဝင်မှုများတာကြောင့် ဆီးကျိတ်ကျန်းမာရေးကောင်းအောင် ကာကွယ်ပေးပြီး ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၉) လိမ္မော်ရောင် ဟင်းသီးဟင်းရွက်များ
လိမ္မော်ရောင်နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ငရုတ်ပွသီးအနီ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ စတာတွေက ရရှိတဲ့ အာဟာရဓာတ်တွေ ဟာ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသား အရေကို နေရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၁၀) အခွံမာစေ့ (Brazil nuts)
Brazil nuts လို အခွံမာစေ့တွေမှာ အင်တီ အောက်ဆီးဒင့် ပါဝင်တာကြောင့် နှလုံးရောဂါ၊ ကင် ဆာရောဂါတို့ကို ကာကွယ်နိုင်ပြီး ဆီးကျိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top