Healthy Life Ad
Life Style

သူတစ်ပါးကို အပြစ်တင်တော့မယ်ဆိုရင်. . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက အဘိုးအိုဦးဘဟာ သူ့အိမ်နီးချင်းမောင်ထူးက သူခိုးတစ်ယောက်ဖြစ်တယ်ဆိုပြီး ကောလာဟလသတင်း လွှင့်လိုက်ပါတယ်။ သူ့စကားကြောင့် မောင်ထူးအဖမ်းခံလိုက်ရတော့တယ်။ ရက်အနည်းငယ်ကြာမှ မောင်ထူးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သွားခဲ့တယ်။ ဦးဘက သူ့ကို မှားယွင်းစွာ စွပ်စွဲ ပြောဆိုပါတယ်ဆိုတာ တရားရုံးမှာ မောင်ထူး ကျိန်ဆိုခဲ့တယ်။

တရားရုံးမှာ ဦးဘက “ဒီစကားတွေက မှတ်ချက်သက်သက်ပဲလေ။ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး”လို့ လျှောက်လဲခဲ့တယ်။ ဒါနဲ့ တရားသူကြီးက အမှုကို အမိန့််မချခင် ဦးဘကို ပြောပြခဲ့တယ်။

“မောင်ထူးအကြောင်း စာရွက်တစ်ရွက်ထဲ ချရေးပါ။ ပြီးရင် စာရွက်ကို အပိုင်းပိုင်း စုတ်ဖြဲပြီး အိမ် ပြန်တဲ့လမ်းတစ်လျှောက် စက္ကူအပိုင်းအစတွေ ပစ်ချလိုက်ပါ။ မနက်ဖြန်မှာ အမိန့်ကြားနာဖို့ ပြန်လာခဲ့ပါ”

နောက်တစ်နေ့မှာ တရားသူကြီးက အဘိုးအိုကို ပြောတယ်။

“အမိန့်မချခင် အပြင်ထွက်ပြီး မနေ့က လွှင့်ပစ်ခဲ့တဲ့ စက္ကူအပိုင်းအစတွေကိုအကုန်ကောက်ခဲ့”

“ဒါကို မလုပ်နိုင်ဘူး။ လေနဲ့အတူ လွင့်ကုန်ပြီ။ ဘယ်မှာရှာရမလဲ မသိတော့ဘူး”

“ဒီလိုပဲ ခင်ဗျားပြောတဲ့ မှတ်ချက်တွေက စက္ကူစတွေလို ပြန့်နှံ့ကုန်ပြီ။ ပြန်အဖတ်ဆယ်လို့မရအောင် လူတစ်ယောက်ရဲ့ ရိုးသားမှုကို ထိခိုက်စေနိုင်ပါတယ်”

သူ့အမှားကို နားလည်ပြီး ခွင့်လွှတ်မှုကို ဦးဘ တောင်းခံပါတော့တယ်။

မှတ်ချက်။ ။ အချက်အလက်အမှန် မသိဘဲနဲ့ ဘယ်သူ့ကိုမှ အပြစ်မပြောပါနဲ့။ မသေချာဘဲနဲ့ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို မဖျက်ဆီးပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top