Healthy Life Ad
Health Tips

တစ်ညတာအတွင်း အုန်းဆီသုံးပြီး အလှအပထိန်းသိမ်းနည်း

၊ လရိပ်မေ ၊

အုန်းဆီရှိရုံနဲ့ သင့်ကို လှပအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

– ဆံပင်ခြောက်ခြင်း

အိပ်ရာမဝင်ခင် ဆံပင်နဲ့ဦးရေပြားကို အုန်းဆီလိမ်းကာ နှိပ်နယ်ပေးပါ။ နောက်တစ်နေ့ မနက်မှာ ရှမ်ပူနဲ့ခေါင်းလျှော်ပေးပါ။

– ဗောက်ထခြင်း

အုန်းဆီထဲ လက်ဖက်ဆီအစက် အနည်းငယ်ထည့်မွှေကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဗောက်ထတာကို ပျောက်ကင်းစေပါတယ်။

– ဆံပင်ကျွတ်ခြင်း

အုန်းဆီကို ညဘက်မှာလိမ်းပြီး မနက်ကျမှ ခေါင်းလျှော်တာကြောင့် ဆံပင်ကျွတ်နှုန်းနည်းစေပါတယ်။

– ဝက်ခြံပေါက်ခြင်း

အုန်းဆီထဲ လက်ဖက်ဆီ အနည်းငယ်ရောထည့်ကာ ဝက်ခြံပေါ်သုတ်လိမ်းပါ။ တစ်ညတာထားပြီး နောက်တစ်နေ့မှာ မျက်နှာသစ်လိုက်ပါ။

– ဖနောင့်ကွဲခြင်း

ဖနောင့်ကွဲနေတဲ့နေရာပေါ် အုန်းဆီသုတ်လိမ်းပေးပြီး တစ်ညတာထားပေးပါ။

– ခံတွင်းအနာပေါက်ခြင်း

ညအိပ်ရာမဝင်ခင် ခံတွင်းအနာပေါ် အုန်းဆီစစ်စစ် သုတ်လိမ်းပေးပါ။

– သွားကျန်းမာခြင်း

သွားတိုက်ပြီးချိန်မှာ သွားဖုံးနဲ့သွားတွေပေါ် အုန်းဆီစစ်စစ်ပွတ်လိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top