Healthy Life Ad
Health Tips

ဂေါက်အဆစ်ရောင် ရောဂါအတွက် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်၏

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဂေါက်အဆစ်ရောင်ရောဂါရှိရင် ရေကူးတာ၊ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာတွေလို လေ့ ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲနေတာက သင့်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် မကောင်းတဲ့အပြင် ဂေါက်အဆစ်ရောင်နာ ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ဂေါက်အဆစ်ရောင်နာရောဂါရှိသူရဲ့ အပိုကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အပြင် အဆစ်ရောင်နာ ရောဂါထနိုင်ခြေကို သိသိသာသာ သက်သာစေပါတယ်။

– လမ်းလျှောက်ခြင်း
လမ်းလျှောက်တာက ဂေါက်အဆစ်ရောင်နာ ရောဂါရှိသူတွေအတွက် အသင့်တော်ဆုံးနဲ့ အရိုးဆင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ သီချင်းလေး နားထောင်ရင်း ဒါမှမဟုတ် မိတ်ဆွေတစ်ဦးနဲ့အတူ စကားစမြည်ပြောရင်း လမ်းလျှောက်လိုက်ရင် မပျင်းရတော့ဘူးပေါ့။

– ရေကူးခြင်း
ရေကူးတာက အဆစ်တွေပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေတဲ့ လေ့ကျင့်ခန်းပါ။ ရေကူးတာက အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။

– ကခုန်ခြင်း
ကခုန်တာက အဆစ်တွေနဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဝတဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားစေပါတယ်။

– လမ်းလျှောက်ခြင်း
လှေကားတက်တာကလည်း ခြေကျင်းဝတ်၊ ဒူးနဲ့ တင်ပါးတွေလို ဝိတ်သယ်ထားရတဲ့အဆစ်တွေ အတွက် သင့်တော်ပါတယ်။

– စက်ဘီးစီးခြင်း
စက်ဘီးစီးတာက အဆစ်တွေအပေါ် သက်ရောက်မှုနည်းစေတဲ့ လေ့ကျင့်ခန်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top