Healthy Life Ad
Health Tips

ထောပတ်သီးအစေ့ကပိုမိုဆေးဖက်ဝင်သည်ဟု ဆို

၊ မိုးမင်းထွန်း ၊

ထောပတ်သီးအသားမှာ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ ပိုတက်ဆီယမ်၊ မပြည့်ဝဆီ၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးကောင်းစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တယ် လို့သိထားကြပါတယ်။ ထောပတ်သီးဆိုရင် လူအတော်များများက အသားကိုသာစား ပြီး အစေ့ကို လွှင့်ပစ်လေ့ရှိကြပါတယ်။

အမေရိကန်ဓာတုအဖွဲ့အစည်းရဲ့ မကြာခင်က ပြုလုပ်တဲ့တွေ့ဆုံပွဲတစ်ခုမှာ ထောပတ်သီးအစေ့မှာ ရောဂါများစွာကိုကုသနိုင်တဲ့ ဆေးဖက်ဝင်ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်ရွှေတွင်းလို့တောင် တင်စားခေါ်ဝေါ်နိုင်ကြောင်း သိပ္ပံ ပညာရှင်တွေကကြေညာလိုက်ပါတယ်။ ကင်ဆာ၊ နှလုံးနဲ့ တခြားရောဂါတွေ ကုသနိုင်တဲ့ ဆေးဖက်ဝင်ဓာတ်ပေါင်းတွေ ပါဝင်နေတယ်လို့ တက်ဆက်စ်ရီယိုဂရင်းဗယ် လီတက္ကသိုလ်မှ ဒေါက်တာဒီဘာဆီယာဘန်ဒိုယိုပက်ရေးက ရှင်းပြပါတယ်။

ထောပတ်စေ့ခြောက်အလုံး ၂၀ဝ ကို အမှုန့်ပြုလုပ်ပြီး လေ့လာခဲ့ရာ အမှုန့်တွေထဲမှာ အကျိတ်ဆဲလ်ဖြစ်ပေါ်မှု၊ နှလုံးရောဂါနှင့်လေဖြတ်တာတို့ကို တိုက်ဖျက်နိုင်တဲ့ဓာတ်ပစ္စည်းတွေ ပါဝင်နေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top