Healthy Life Ad
Child

သင့်ကလေးငယ်ကို နှိပ်ပေးပါ

ကျန်းမာရေးကောင်းပြီး နေ့စေ့လစေ့မွေး ဖွားလာတဲ့ ကလေးတွေအတွက် နှိပ်နယ်ပေးတာက ကလေးငယ်အတွက်ရော မိဘအတွက်ပါ အပန်းပြေစေနိုင်ပါတယ်။
ကလေးကိုနှိပ်ပေးတာကြောင့် ငိုကြွေးတာကို လျော့ကျစေပြီး လေထကာ ဗိုက်အောင့်တာကို သက်သာစေပါတယ်။

ကလေးကို နှိပ်ပေးတာကြောင့် ကလေးဟာ အိပ်ရေးဝ၀အိပ်မောကျစေပါတယ်။

ကလေးငယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

ကလေးကိုနှိပ်ပေးတဲ့အခါအခန်းနဲ့ သင့်လက်တွေက နွေးထွေးနေဖို့လိုပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ညင်ညင်သာသာနှိပ်ပေးနိုင်ပါတယ်။ ကလေးကို နှိပ်ပေးရာမှာ ကလေးအတွက် သီးသန့်ဆီ (Baby Oil)ကို လိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ရနံ့ပါတဲ့ဆီတွေ၊ ဗာဒံစေ့ဆီလို အခွံမာသီးကို အခြေခံတဲ့ အဆီတွေကိုတော့ မသုံးသင့်ပါ။ ကလေးကိုနှိပ်ပေးချိန်မှာ ကလေးက နေထိုင်မကောင်းတဲ့ပုံပေါက်နေရင် ဒါမှမဟုတ်နှိပ်တာကို ပျော်ရွှင်ကျေနပ်တဲ့ပုံမပေါ်ရင် ဆက်မနှိပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top