Healthy Life Ad
Q & A

ကလေးကို ကာကွယ်ဆေးထိုးတဲ့အခါ . . .

မေး ။ တစ်ခုလောက် မေးချင်လို့ပါရှင့်။ ကျွန်မသမီးကို ၂လမှာ ကာကွယ်ဆေးထိုးတော့ ဆရာဝန်က PCV မထိုးပေးလိုက်ဘူးရှင့်။ အဲဒါ ၄လမှ ပေါင်းထိုးလို့ ရတာလား။ အခု ၂လမှာ မထိုးဘဲနေလို့ရလားရှင့်။
Yu Yu Wai (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ကလေးအသက် ၂၄ လအတွင်း လေးကြိမ် ထိုးရပါမယ်။ အသက် ၂ လမှာ ပထမအကြိမ်၊ ၄ လ ဒုတိယအကြိမ်၊ ၆ လ တတိယအကြိမ်၊ ၁၂-၁၅ လအတွင်း စတုတ္ထအကြိမ် ထိုးရပါမယ်။ ဆေးမထိုးဖြစ်တာ ရှိခဲ့ရင် သက်ဆိုင်ရာ ဒေသန္တရဆေးခန်း၊ ကျန်းမာရေးဌာနတွေမှာ ကာကွယ်ဆေးထိုးမှတ်တမ်းနဲ့အတူ ပြသဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top