Healthy Life Ad
Health Tips

မီးဖိုချောင်ကို ဆေးဗီရိုကဲ့သို့ အသုံးချနိုင်ဖို့ဆိုရင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အမေရိကန်လူမျိုး ၄၅ရာခိုင်နှုန်းနီးပါးဟာ အိမ် သုံးဆေးဝါးတွေနဲ့ သူတို့ရဲ့ ဝေဒနာတွေ သက်သာ အောင် ကုသခဲ့ကြပါတယ်။ ပြင်းထန်ဆိုးရွားတဲ့ ဝေဒ နာတွေ ဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်းသွားလေ့ရှိပြီး အသေးအဖွဲဝေဒနာတွေကိုတော့ မီးဖိုချောင်ကိုပဲ ဆေးဗီရိုလို အသုံးချနိုင်ပါတယ်။

နွားနို့
ဘာအတွက် သုံးနိုင်သလဲ
– စိတ်ပူပင်မှု ဖြစ်လျှင်သုံးပါ
စိတ်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့အတွက် နွား နို့ပူပူတစ်ဖန်ခွက်သောက်ပါ။ နွားနို့ပူပူတစ်ခွက်မှာ အမိုင်နိုအက်စစ်ထရစ်ပတိုဖန်ပါဝင်တာကြောင့် စိတ်ကို အေးချမ်းတည်ငြိမ်စေပါတယ်။

သံလွင်ဆီ
ဘာအတွက် သုံးနိုင်သလဲ
– နှင်းခူဖြစ်လျှင် သုံးပါ
သံလွင်ဆီမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်နေတာကြောင့် အစိုဓာတ်ထိန်းခရင်မ်အများစုမှာ ထည့်သွင်းထား တတ်ပါတယ်။ သံလွင်ဆီစစ်စစ်မှာ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် အရေပြားယားယံတဲ့ နှင်းခူလို အနာမျိုးတွေဖြစ်ရင် သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း ခန့်လိမ်းပေးပါ။ အရေပြား ခြောက်သွေ့တာမျိုး မဖြစ်စေအောင် သံလွင်ဆီကို အမြဲလိမ်းပေးထား သင့်ပါတယ်။

ပျားရည်
ဘာအတွက် သုံးနိုင်သလဲ
– ပြတ်ရှရာနှင့် ခြစ်ရာရှိလျှင် သုံးပါ
သဘာဝအချိုအာနိသင်ပေးတဲ့ ပျားရည်မှာ အနာကျက်စေတဲ့ အစွမ်းထက် ဒြပ်ပေါင်း သုံးမျိုးပါ ဝင်နေပါတယ်။ အစိုဓာတ်စုပ်ယူမှုအတွက်သကြား ဓာတ်ပါဝင်တာကြောင့် ဘက်တီးရီးယားတွေ မရှင်သန်နိုင်ပါဘူး။ ပိုးသတ်နိုင်စွမ်းရှိတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ဘက်တီးရီးယားတွေ သေစေတဲ့ Propolis တို့လည်း ပါဝင်နေပါတယ်။

ဆား
ဘာအတွက် သုံးနိုင်သလဲ
– ခြေသည်း ဝဲစားနေပါက သုံးပါ
ဖန်းဂတ်စ်မှိုပိုးတွေသေစေဖို့ ဆားက အသုံး ဝင်ပါတယ်။ ကြက်သီးနွေးရေထဲကို ဆားလက် ဖက်ရည် ဇွန်းနှစ်ဇွန်းထည့်ပြီး အချိန် ငါး-၁၀ မိနစ်ခန့် ခြေထောက်ကို စိမ်ပေးပါ။ ဒီလိုလုပ်ပေး တာက ခြေသည်းဝဲစားတာကို သက်သာစေပါ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top