Healthy Life Ad
Health Tips

ပျားရည်ကို နေ့စဉ်သောက်ခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပျားရည်ကို ရေနဲ့ ဖျော်ပြီး သောက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ အံ့အားသင့်ဖွယ်ရာကျန်းမာရေး ကောင်းကျိုးတွေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

(၁) အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ကုသနိုင်ပါတယ်
ကပ်ပါးကောင်တွေကြောင့် အစာအိမ်ဝေဒနာ ခံစားရတာ၊ အစာအိမ်သွေးယိုတာစတဲ့ ဝေဒနာတွေခံစားရရင် ပျားရည်ထဲ သံပရာရည်အနည်း ငယ်ညှစ်ထည့်ပြီး သောက်ပေးပါ။ ပျားရည်မှာ ဘက်တီးရီးယားပိုးသတ်အာနိသင်နဲ့ ကပ်းပါးကောင်တွေကို တွန်းလှန်နိုင်စွမ်းရှိတဲ့အတွက် အစာခြေလမ်းကြောင်းစနစ် ထိခိုက်မှုမဖြစ်အောင် ပြုပြင်ပေးပါတယ်။

(၂) ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်
ပျားရည်သောက်တာကြောင့် ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ပျားရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် ကိုယ်တွင်းဘက်တီး ရီးယားတွေကို တွန်းလှန်ပေးပြီး နာမကျန်းမှုအမျိုး မျိုးကိုကင်းဝေးစေပါတယ်။

(၃) ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကိုကင်းစင်စေပါတယ်
ပျားရည်သောက်ပေးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ အစာမကြေတဲ့ ဝေဒနာဖြစ်ရင် ပျားရည်သောက်ပေးပါ။

(၄) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးပါတယ်
ပျားရည်မှာပါတဲ့ ဂလူးကို့စ်နဲ့ ဖရက်တို့စ်နှစ်မျိုး လုံးဟာ သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီ အောင်ထိန်းပေးပါတယ်။

(၅) နှလုံးကျန်းမာရေးပြဿနာတွေ မဖြစ် အောင်ကာကွယ်ပေးပါတယ်
နှလုံးကျန်းမာရေးဆိုင်ရာ ဝေဒနာခံစားနေရ ရင် မနက်နဲ့ညမှာ ရေထဲပျားရည်နည်းနည်းခတ်ပြီး သောက်ပေးပါ။ ပျားရည်မှာ အင်တီအောက်ဆီးဒင့်၊ ရောင်ရမ်းမှုကျစေတဲ့ အစွမ်း၊ ဘက်တီးရီးယားကင်းစင်စေတဲ့ အစွမ်းစတာတွေ ပါရှိတဲ့အတွက် နှလုံးသွေးကြောစနစ်ကို အကာအကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top