Healthy Life Ad
Health Tips

လုပ်ငန်းခွင်က ရလာမယ့် စိတ်ဖိစီးမှုကို ဘယ်လိုရှောင်လွှဲသင့်ပါသလဲ

၊ ငွေကြယ်စင်ယံ ၊

လုပ်ငန်းခွင်က ရရှိလာနိုင်တဲ့ စိတ်ဖိစီးမှုအား လုံးကိုတော့ မရှောင်လွှဲနိုင်ပါဘူး။ စိတ်ဖိစီးမှုကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားမယ့်အစား စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးမထိခိုက်အောင်၊ စိတ်ဓာတ်မကျအောင် ကြိုးစားသင့်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုခံစားခဲ့ရရင် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်မယ့် နည်းလမ်းကို ရှာဖွေသင့်ပါတယ်။

ပထမအချက်အနေနဲ့ စိတ်ဖိစီးမှုဖြစ်လာရင် ခံစားရမယ့် လက္ခဏာတွေကို ဆန်းစစ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အဓိက လက္ခဏာတွေကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လျော့နည်းတာ၊ အလုပ်မလုပ်တဲ့အချိန်တောင်မှ အလုပ်အကြောင်း စဉ်းစားတာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာရှိတာ၊ အစာစားသောက်တဲ့အခါမှာ အခက်အခဲရှိတာ၊ မူးယစ်ဆေးနဲ့ အရက်တွေကို သောက်ချင်နေတာ၊ အာရုံစူးစိုက်နိုင်စွမ်းနည်းတာ၊ စိတ်တိုလွယ်တာ၊ ှနထ ကိစ္စမှာ စိတ်ဝင်စားမှု မရှိတာစတာတွေပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုကို မလွဲမရှောင်သာ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုတော့ မရအောင် ရှောင်လွှဲလို့ မရမယ့်အတူတူ စိတ်ဖိစီးမှုဖြစ်လာရင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်အောင် နေ့စဉ်လုပ် ရမယ့်အလုပ်တွေကို “လုပ်ရန်” ဆိုပြီး မှတ်ထားပါ။ တစ်ခုပြီးတိုင်း အဲဒီအချက်ကို ခြစ်ပစ်လိုက်ပါ။

သင့်မှာ လုပ်စရာတာဝန်တွေက များလွန်းနေ ရင် သင့်အလုပ်ရှင်ကို အလုပ်တွေ မနိုင်တော့တဲ့ အကြောင်းပြောပြပါ။ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်တာဝန်တွေ ခွဲပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top