Healthy Life Ad
Health Tips

နေ့ရက်တိုင်း ပျော်ရွှင်စေဖို့…

၊ ငွေကြယ်စင်ယံ ၊

ကျန်းမာအောင်မြင်တဲ့ ဘဝကိုရရှိစေဖို့ လွယ်ကူတဲ့နည်းတချို့ကို ဖော်ပြလိုက်ပါတယ်။

– တစ်နေ့တာအစီအစဉ်ကို လိုက်နာပါ

အိပ်ရာထတဲ့အချိန်ကနေ အိပ်ရာဝင်တဲ့အချိန်အထိ တစ်နေ့တာအတွင်း ဘာအလုပ်တွေ ပြီးအောင်လုပ်မယ်ဆိုတာကို အစီအစဉ်ရေးဆွဲပြီးလုပ်ဆောင်ပါ။ အရာရာတိုင်းကို နီးကပ်မှလုပ်မယ်ဆိုတဲ့ စိတ်ကိုမထားပါနဲ့။

– မိတ်ဆွေစစ်ကို ရွေးချယ်ပေါင်းသင်းပါ

တွေ့တဲ့လူတိုင်းကို မိတ်ဆွေလို ခင်မင်သင့်ပေမယ့် တကယ့်မိတ်ဆွေရင်းချာလို ပေါင်းသင်းမယ်ဆိုရင်တော့ အလွန်ဂရုစိုက်ပြီး ပေါင်းသင်းသင့်ပါတယ်။ အကြောင်းကတော့ မိတ်ဆွေစစ်ဟာ သင့်ဘဝနေထိုင်မှုပုံစံရော အပြုအမူကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်တာကြောင့်ပါ။

– သင်၏အားသာချက်ကို နားလည်ပါ

စိတ်ကိုအားပေးလှုံ့ဆော်မှုပေးတာက အောင်မြင်မှုရရှိစေတဲ့သော့ချက်ပါ။ ဒါကြောင့် သင်ရဲ့အားသာချက်တွေကိုနားလည်ပြီး အားသာချက်တွေကိုအသုံးချကာ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းပါ။

– အားနည်းချက်ကို တိုးတက်အောင်လုပ်ပါ

လူတိုင်းမှာအားသာချက်နဲ့ အားနည်းချက်တွေ ဒွန်တွဲနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့အားနည်းချက်တွေအတွက် မထိတ်လန့်ပါနဲ့။ အားနည်းချက်တွေကိုရင်ဆိုင်ပြီး ဖြေရှင်းနိုင်မယ့် နည်းတွေကိုရှာပါ။ သင့်မှာ အရည်အချင်းသစ်နဲ့ စွမ်းဆောင်နိုင်မှုအသစ်တွေ ရရှိလာပါလိမ့်မယ်။

– အကျင့်ဆိုးများနှင့် ဝေးဝေးမှာနေပါ

မကောင်းတဲ့အကျင့်ဆိုးတွေနဲ့ ဝေးဝေးမှာနေတာက ကျန်းမာသက်ရှည်ရေးအတွက် အဓိကကျတဲ့အချက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ အရက်မသောက်ပါနဲ့။ ဒီအကျင့်ဆိုးတွေက သင့်စိတ်၊ သင့်ကျန်းမာရေးနဲ့ သင့်ငွေတွေကို ထိခိုက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top