Healthy Life Ad
International

ရုပ်ချောလွန်းသည့် သားကြောင့် သံသယဝင်ခဲ့ရာက ကလေးငယ်ဘဝက ဆေးရုံတွင် ကလေးချင်းမှားခဲ့ကြောင်း သိရှိ

၊ မိုးမင်းထွန်း ၊

ရုပ်ချောလွန်းတဲ့သားကြောင့် သံသယဝင်မိရာက ကလေးချင်းမှားခဲ့ကြောင်း တရုတ်ဇနီးမောင်နှံ နှစ်ယောက်ဟာ ရှာဖွေသိရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ရုပ်မချောတာကြောင့် ဇနီးဖြစ်သူကလည်း သံသယဝင်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။

မျက်လုံးကြီးကြီး၊ နှာတံချွန်ချွန်နဲ့ကလေးဟာ သူတိုနဲ့ ရုပ်ရည်အသွင်အပြင်မတူညီခဲ့ပါဘူး။ DNA စမ်းသပ်ချက်အရ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူဝမ်ရီဟာ သူတို့ရဲ့သားအရင်းမဟုတ်ကြောင်း သိရှိခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က ဝမ်ရီမွေးဖွားရာ ရှန်ဟိုင်းဆေးရုံမှာ ကလေးချင်းမှားခဲ့တာဖြစ် နိုင်ခြေရှိနေပါတယ်။ ဒီလောက်အချိန်အကြာကြီး အတူနေထိုင်ခဲ့ပြီး မိဘအရင်းတွေမဟုတ်တာ သိရ တာကြောင့် မယုံကြည်နိုင်ဖြစ်နေဆဲဖြစ်ကြောင်း ဝမ်ရီကပြောပြပါတယ်။

သူတို့မိသားစုက ရှန်ဟိုင်းဆေးရုံကို နစ်နာကြေး တရုတ်ယွမ် ၁ ဒသမ ၃သန်း (အမေရိကန် ဒေါ်လာ ၁၄၆၀ဝ၀ ဝန်းကျင်) ရလိုမှု၊ သူတို့ရဲ့သား အရင်းကို ရှာဖွေပေးဖို့ တရားစွဲဆိုထားပါတယ်။ ဝမ်ရီရဲ့ မိဘအရင်းတွေကို ရှာဖွေဖို့ကြိုးစားနေကြပါတယ်။ ဆေးရုံတာဝန်ရှိသူတွေက ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top