Healthy Life Ad
Women

သစ်သီးသုံးရုံနဲ့ ပိုလှလာစေမယ့် အိမ်တွင်းနည်းတွေ . . .

သံပယိုသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီးတွေမှာပါတဲ့ ဓာတ်တွေက အသားအရေ အပြစ်အနာအဆာတွေကို ပြုပြင်ပေးနိုင်ပြီး သင့်ကို ပိုလှလာအောင် ပံ့ပိုးပေးနိုင်ပါတယ်။


တံတောင်ဆစ်ဖြူစေခြင်း
သံပယိုသီးကို ထက်ခြမ်းခြမ်းပြီး လက်တံတောင်ဆစ်မှာ ပွတ်လိမ်းပေးပါ။ လက်တံတောင်ဆစ်မည်းနေတာတွေ ပြေလျော့စေပြီး ဖြူစင်စေပါတယ်။


သက်ကြီးအစက်အပြောက် မှိန်ဖျော့စေခြင်း
သံပယိုသီးက အသားအရေတင်းရင်းစေပြီး ခပ်ပါးပါးလိမ်းပေးရင် သက်ကြီးအစက်အပြောက်တွေကို မှိန်ဖျော့သွားစေပါတယ်။


ဆံပင်လင်းလက်စေခြင်း
သံပယိုသီးအရည်နဲ့ရေကို ဆတူရောပြီး ဆံပင်ပေါ်ပက် ဖျန်းပေးရင်ဆံကေသာကို လင်းလက်တောက်ပစေပါတယ်။


ကြေးကျွတ်ခြင်း
နာနတ်သီးစိတ်ကို ရေချိုးခန် ထဲမှာ ကြေးတွန်းကျောက်လိုမျိုး သုံးပေးရင် ကိုယ်ပေါ်က ကြေးညော်တွေကို ကင်းစင်ပြီး ချောမွေ့စေပါတယ်။


ဝက်ခြံပျောက်စေခြင်း
ပက်တင်ဓာတ်ပါတဲ့ ပန်းသီးက ဝက်ခြံတွေကို ကင်းစင်စေပါတယ်။ မျက်နှာအရေပြားပေါ် ပန်းသီးစိတ်ခပ်ပါးပါး ကပ်ပေးပါ။


သွားဖြူစေခြင်း
ကြိတ်ချေထားတဲ့ စတော်ဘယ်ရီသီးနဲ့ ဆော်ဒါမှုန့်ကို ရောမွှေပြီး သွားတွေကို ပွတ်ပေးရင် သွားဖြူစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top