Healthy Life Ad
Women

နာနတ်သီးကို ဖြီးဖြန်းရေးနေကြခြင်း(Pineapple and pregnancy)

မေး ။ ဆရာရှင့်.. ကိုယ်ဝန် ၅ လပြည့်ပါပြီ။ နာနတ်သီး စားလို့ရလားဆရာ။ နာနတ်သီးမှာ ဘီပိုးပါတယ်လို့ ပြောနေပြီး ကိုယ်ဝန်ဆောင်စားလို့မရဘူး ပြောနေကြတာဟုတ်လားဆရာ။
နာနတ်သီး = ကိုယ်ဝန်ဆောင်ချိန်အတွင်း နာနတ်သီးကို လွန်ကျွံစွာ စားသုံးခြင်းက မိခင်ကိုယ်ခံအားအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ နာနတ်သီးမှာ bromelain ဓာတ်တွေများစွာ ကြွယ်ဝပြီး သားအိမ်ခေါင်းကို ပျော့စေကာ ကလေးစောစီးစွာ မွေးဖွားနိုင်ပါတယ်။ တော်သင့်ရုံစားသုံးခြင်းကက လေးမွေးဖွားမှုအတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း အလွန်အကျွံစားရင်တော့ မကောင်းပါဘူး။ အမျိုးသမီးအများစုဟာ နာနတ်သီးဖျော်ရည် များများသောက်သုံးခြင်းက မွေးဖွားရာတွင် လွယ်ကူစေတယ်လို့ ယူဆကြပါတယ်။ လုံးဝမှားပါတယ်။ ဒီလိုတွေ အလွန်အကဲသောက်သုံးခြင်း၊ စားသုံးခြင်းက မိခင်အတွက်ရော ကလေးအတွက်ပါ မကောင်းတာကြောင့် ဒီလိုပြုမူမှုတွေကိုရပ်သင့်ပါပြီ။ မဖြစ်မနေ စားချင်ရင်တောင် အနည်းငယ်လေးမျှသာ စားသုံးပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဟုတ်လားဆရာ အင်တာနက်မှာရှာကြည့်တာ အဲလိုတွေ့လို့။

ဒေါက်တာတင့်ဆွေ မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ အဲဒါကို ဘယ်သူကရေးသလဲ မသိ။ အိုဂျီတယောက်ကရေးရင် ဒါမှမဟုတ် အသည်းအထူးကု ဆရာဝန်က ရေးရင် လိုက်နာသင့်ပါတယ်။
bromelain ဘရိုမလိန်းဆိုတာ အင်ဇိုင်းတမျိုး ဖြစ်တယ်။ နာနတ်သီးထဲမှာပါတာဟုတ်တယ်။ ဆေးအဖြစ်သုံးတာရှိတယ်။ ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေတယ်။ အထူးသဖြင့် နှာခေါင်းရောင်တာ၊ ဆိုင်နပ်စ်၊ ခွဲစိတ်ပြီး၊ ထိခိုက်ဒဏ်ရာတွေနဲ့ ကြွက်သားနာခြင်းအတွက် သုံးတယ်လို့ WebMD မှာ ရေးထားတယ်။ ကလေးမွေးတာမပါ။
အသည်းရောင်ဘီပိုးဟာ သွေးကနေ ကူးစက်တယ်။ ဘီပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးကို မွေးဖွား ဖြစ်စဉ်အတွင်းမှာ ကူးစက်နိုင်တယ်။ ဆေးထိုးအပ်ကနေလည်း ကူးတယ်။ တက်တူးထိုးတာ၊ ကွင်းတပ်တာ၊ မူးယစ်ဆေးထိုးတာတွေကနေ ကူးတယ်။ တံတွေး၊ ရာသီသွေး၊ ဗဂျိုင်းနာအရည်၊ သုက်ရည်တွေထဲမှာ ပိုးတွေပါနေတယ်။ လိင်ကတဆင့်ကူးတယ်။ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေသူတွေ သွေးကတဆင့် ကူးစက်နိုင်တယ်။ နာနတ်သီးသည်ဆီကနေ ကူးတယ်လို့ မတွေ့ပါ။

ကိုယ်ဝန်နဲ့ သင်္ဘောသီး မေးကြတယ်။ နာနတ်သီးစားရင် ကိုယ်ဝန်ပျက်သလား၊ စောမွေးသလား မေးတယ်။ မဟုတ်ပါ။ အဲလိုပြောတာ But this is an old wives’ tale ရှေးကမိန်မကြီးတွေပြောတဲ့ ယုံတမ်းစကား ဖြစ်တယ်လို့ အင်္ဂလိပ်လို ရေးထားတယ်။ ဖေ့စ်ဘွတ်မှာ အဲလိုရေးကြတာ ရှေးကမိန်းမကြီးတွေသာဖြစ်မယ်။ သုတေသနလုပ်ပြီးမှ အဲလို ပြောတာပါ။ လူတယောက်စားတဲ့ နာနတ်သီးထဲမှာ ပါတဲ့ Bromelain ဓာတ်ဟာ ပရိုတင်းဓာတ်ကို ဘရိတ်ဒေါင်းလုပ်နိုင်လောက်အောင် မများပါ။

ကျန်းမာရေးအသိပေးသူတွေ ပညာအသိရှိသင့်တယ်။ စေတနာလည်း ရှိသင့်တယ်။ အမှားတွေ လိုက်ဝေနေတာ ပညာမဟုတ်။ စေတနာယုတ်။ ဂျာနယ်ရောင်းရအောင်၊ ကိုယ့်ဂရုလူကြည့်များအောင် နဲ့တော့ မဟုတ်တန်းတရားတွေ မရေးသင့်ကြပါ။ ကျွန်တော့်မှာ အစစ်အမှန်ရောဂါတွေ မေးလို့ဖြေနေရတဲ့အချိန်ထဲက အဲလိုဟာတွေက ခိုးယူနေတယ်။ ကြော်ငြာဆေးတွေက ခိုးလို့ကုန်ရတဲ့အချိန်ကလည်း များတယ်။ မေးတော့ မရေးလို့ကလည်းမဖြစ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top