Healthy Life Ad
Health Tips

စူပါမားကတ်မှာ ကျန်းမာရေးနှင့်ညီညွတ်စွာ ဈေးဝယ်တတ်စေရန်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

စူပါမားကတ်တွေမှာဈေးဝယ်ရတာက ကိုယ့်စိတ်ကြိုက်အမျိုးအစားကို အေးအေးဆေးဆေး ရွေးချယ်ဝယ်ယူနိုင်တာကြောင့် အဆင်ပြေလှပါ တယ်။ ဒါကြောင့် အခုခေတ်အိမ်ရှင်မအများစုဟာ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် စူပါမားကတ်ကိုသွားကာ အစားအသောက်တွေကို ဝယ်ယူလေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုတလောမှာ စူပါမားကတ်က အစားအသောက်တွေဝယ်ပြီး လတ်ဆတ်မှုမရှိဘူး၊ ပိုးမွှားတွေပါတယ် . .စသဖြင့် ညီးညူကြတဲ့ အိမ်ရှင်မတွေကို သတိပြုမိပါတယ်။ ဒါကြောင့် ဘယ်လိုရွေးချယ်ဝယ် ယူသင့်တယ်ဆို တာအကြံပြုပါရစေ။

(၁) လတ်ဆတ်မှုကို နံပါတ်တစ်အဖြစ် ဦးစားပေးပါ
သင်ရွေးတဲ့အစားအသောက်တွေက လယ်ကွင်းထဲကနေ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ပြီး ယူရတာမျိုးမဟုတ်တာကြောင့် လတ်ဆတ်တာကို ရွေးဖို့ အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ စူပါမားကတ်က အစားအသောက်တစ်ဝက်ကျော်ဟာ အဆင်သင့်အစားအစာတွေ ဖြစ်ကြတာကြောင့် လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်းစတာတွေရှိတဲ့ အစားအသောက်တန်းကို အရင်သွားရောက်ဝယ် ယူသင့်ပါတယ်။

(၂) အန္တရာယ်ရှိသော နေရာကို ရှောင်ပါ
အထူးသဖြင့် သင်နဲ့အတူ ကလေးငယ်တွေပါ ဝင်ခဲ့ရင် ချိုချဉ်၊ အာလူးချောင်းကြော်၊ အချိုလွန်ကဲတဲ့ သရေစာမုန့်တွေစတာတွေရှိတဲ့ စားသောက် တန်းကိုလုံးဝမသွားမိအောင်ရှောင်ပါ။ ကလေးတွေက တွေ့ပြီး ပူဆာနေရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို ဝယ်မိကောင်း ဝယ်မိသွားနိုင်ပါတယ်။

(၃) စာရင်းရေးကာ ဝယ်ပါ
အိမ်မှာကတည်းက လိုအပ်တဲ့အစားအ သောက်၊ အသုံးအဆောင်တွေကို စာရင်းရေးမှတ်ထားပါ။ သင်က အမျိုးသမီးတစ်ယောက်ဖြစ်နေရင် သင့်ခင်ပွန်းကိုဈေးစာရင်းပေးပြီး ဝယ်ခိုင်းနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေက ဈေးစာရင်းအတိုင်း အတိအကျဝယ် ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဘော့စတွန်တက္ကသိုလ်ရဲ့ လေ့လာမှုအရသိရပါတယ်။ အမျိုးသမီးတွေက လိုအပ် တာထက် ပိုဝယ်မိနိုင်ခြေများပါတယ်။

(၄) ဗိုက်ပြည့်အောင် စားပြီးမှ ဈေးဝယ်ပါ
ဗိုက်ပြည့်အောင် စားပြီး ဈေးဝယ်မှသာဝယ်ယူတဲ့ အစားအသောက်တိုင်းကို ကျန်းမာရေးနဲ့ညီ ညွတ်ရဲ့လား၊ မညီညွတ်ဘူးလားဆိုတာ အချိန်ပေး ဆန်းစစ်နိုင်မှာပါ။ ဗိုက်ဆာနေရင် ခပ်မြန်မြန်ဝယ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဈေးမပတ်ခင်မှာ ပန်းသီးတစ်လုံးနဲ့ ရေတစ်ဖန်ခွက်လောက်တော့ သောက်ထားသင့်ပါတယ်။

(၅) ကုန်ဆုံးရက်စွဲကို သေချာကြည့်ပါ
ပေါင်မုန့်လို အဆင်သင့်အစားအသောက် တွေကိုဝယ်တဲ့အခါ ကုန်ဆုံးမယ့်ရက်ကို သေချာကြည့်ပြီးမှဝယ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top