Healthy Life Ad
Health Tips

လက်သည်း၊ ခြေသည်းလှပရေးအတွက် အာဟာရ

– လက်သည်း၊ ခြေသည်းအရောင်မွဲ နေသလား
ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် လက်သည်း၊ ခြေသည်းအရောင်မွဲတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က မရှိမဖြစ် ဗီတာမင်ဘီကို အလုံအလောက်မစုပ်ယူနိုင်ပါဘူး။ ပဲနီလေး၊ ပဲအမျိုးမျိုးနဲ့ ဟင်းနုနယ်ရွက်တွေလို ဖောလိတ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားရင် လက်သည်း၊ ခြေသည်းအရောင် တောက်ပစေပါတယ်။ ပဲသီး၊ ပဲစိမ်းနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုလည်း စားသင့်ပါတယ်။

– လက်သည်း၊ ခြေသည်းကြွတ်ဆတ် နေသလား
လက်သည်း၊ ခြေသည်းတွေ ကြွတ်ဆတ်နေရင် သင်စားတဲ့ အစားအစာထဲမှာမရှိမဖြစ် ဖက်တီး အက်စစ်များများပါတဲ့အစာကို စားပေးပါ၊ လက်သည်း ခြေသည်းစိုပြည်နေပါလိမ့်မယ်။ မရှိမဖြစ် ဖက်တီးအက်စစ်ပါဝင်တဲ့ နှမ်းကြတ်စေ့ ဒါမှမဟုတ် နှမ်းကြတ်စေ့ဆီကို စားပေးပါ။

– လက်သည်း၊ ခြေသည်းကျိုးပဲ့လွယ် နေသလား
လက်သည်း၊ ခြေသည်းသန်စွမ်းမာကြောဖို့ အဓိကလိုအပ်တဲ့ ကီရာတင်ဖြစ်ပေါ်ဖို့ အရည်အသွေးမြင့် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ အဆီနည်း အသား၊ ငါး၊ ကြက်၊ ဘဲ စတဲ့ ပရိုတင်းဓာတ်ပါတဲ့ အစာတွေကို စားပေးပါ။

– လက်သည်း၊ ခြေသည်း အားနည်နေသလား
သံဓာတ်ချို့တဲ့မှုကြောင့်လက်သည်း ခြေသည်း အားနည်းကြွတ်ဆတ်လွယ်ပါတယ်။ လက်သည်း၊ ခြေသည်းသန်စွမ်းစေဖို့ သံဓာတ်ပါတဲ့ အစားအစာ (ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ အားဖြည့်ကွေကာ)နဲ့ ဗီတာမင်စီပါတဲ့အစာ (ချဉ်တဲ့အသီးအနှံ၊ ခရမ်း ချဉ်သီး၊ ငရုတ်ပွသီး)တွေကို တွဲစားပေးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူ အားကောင်းစေပါတယ်။

– လက်သည်း၊ ခြေသည်း ခြောက်သွေ့နေသလား
လက်သည်း၊ ခြေသည်းတစ်ဝိုက် သံလွင်ဆီအနည်းငယ်ပွတ်သပ်လိမ်းပေးရင် လက်သည်း၊ ခြေသည်းကို စိုပြည်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top