Healthy Life Ad
Health Tips

ကင်ဆာကာကွယ်ပေးမည့် သဘာဝအစာ ၁၂မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာရောဂါကို ကာကွယ်တွန်းလှန်ပေးနိုင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးနိုင်ဖို့ ကင်ဆာတားရာမှာ ထိပ်တန်းသဘာဝအစာ ၁၂ မျိုးကို မျှဝေလိုက်ပါတယ်။

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီပွင့်

ဂေါ်ဖီမျိုးနွယ်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ အင်ဒိုးသရီးကာဘီနောဓာတ်ပါဝင်ပြီး အဲဒီဓာတ်တွေဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို တားဆီးပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ အင်ဇိုင်းတစ်မျိုးဟာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်နှုန်းကိုလည်း ကာကွယ်တွန်းလှန်ပေးနိုင်ပါတယ်။

မုန်လာဥနီနှင့် ကန်စွန်းဥ

မုန်လာဥနီနဲ့ ကန်စွန်းဥတွေမှာ ဘီတာကယ်ရိုတင်းပေါများစွာပါဝင်ပြီး လည်ချောင်း၊ အဆုတ်၊ အစာအိမ်နဲ့ ဆီးကျိတ်တွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဘယ်ရီသီးများ

ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီးတွေမှာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်နေတာကြောင့် ကျန်းမာနေတဲ့ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီး

ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့ လိုင်ကိုပင်းဓာတ်ပါဝင်တာကြောင့် ခရမ်းချဉ်သီးကလည်း ကင်ဆာကာကွယ်နိုင်တဲ့ အစာထဲမှာ ထိပ်ဆုံးကပါဝင်နေတာပါ။ လေ့လာမှုတွေအရ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ရင်သား၊ ဆီးကျိတ်နဲ့ ပန်ကရိယတွေမှာဖြစ်တဲ့ ကင်ဆာအများစုကို တွန်းလှန်ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးမှာ တခြားအစွမ်းထက် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီလည်း အများအပြားပါဝင်နေပါတယ်။

နှမ်းစေ့

နှမ်းစေ့ထဲမှာ အိုမီဂါသရီးဖက်တီးအက်စစ်နဲ့ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်နေတာကြောင့် ကျန်းမာနေတဲ့ဆဲလ်တွေကို ကင်ဆာဆဲလ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ကာဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်နှင့် ပင်စိမ်း

ဟင်းချက်တဲ့အခါ ထည့်ချက်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး ကင်ဆာရောဂါကိုတောင် တားဆီးနိုင်စွမ်းရှိတာ ကောင်းသတင်းပါ။ ဒီအရာတွေက ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေရုံသာမက ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရာမှာလည်း ပါဝင်ကူညီနေပါတယ်။ လေ့လာမှုအရ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အထူးသဖြင့် ကြက်သွန်ဖြူကို စားပေးတာက အစာအိမ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာတွေရဲ့အန္တရာယ်ကို သိသိသာသာ လျော့ကျစေပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top