Healthy Life Ad
International

အရွယ်ရောက်ပြီးသူတွေက တစ်နေ့မှာ ၂ နာရီ ၁၁ မိနစ်ကာလကို စိတ်ဖိစီးမှုနဲ့ ကုန်ဆုံးနေဟု လေ့လာမှုကဆို

၊ မိုးမင်းထွန်း ၊

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်ရက်မှာ ၂ နာရီ ၁၁ မိနစ်ကြာ၊ ဘဝတစ်သက်တာအားဖြင့် အချိန် ၅နှစ်ခွဲခန့်နဲ့ ညီမျှပြီး စိတ်ဖိစီးမှုခံစားနေရတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

အလုပ်များတာ၊ ငွေရေးကြေးရေး စိုးရိမ်စရာရှိတာ၊ ကျန်းမာရေးပြဿနာကြုံတွေ့တာနဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေကြောင့် တစ်ပတ် ၁၅ နာရီကျော် ဖိအားဒဏ်ခံနေရတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီသုတေသနကို ဗြိတိန်နိုင်ငံမှ Karcher UK အမည်ရ အိမ်သန့်ရှင်းရေးကုမ္ပဏီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ လူအယောက် ၂၀ဝ၀ အပေါ် စစ်တမ်းကောက်ခဲ့ခြင်းဖြစ်ပြီး လမ်းလျှောက်တာ၊ ဝိုင်တစ်ခွက်သောက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာနဲ့ သီချင်းနားထောင်တာတို့က စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့နည်းလမ်းတွေဖြစ်ကြောင်းနဲ့ အများစုက အိမ်သန့်ရှင်းရေးလုပ်ကာ သန့်ရှင်းသပ်ရပ်တဲ့ အိမ်မှာနေထိုင်ရတာက စိတ်ဖိစီးမှု လျော့ကျစေကြောင်း ပြောကြားခဲ့ပါတယ်။

ပန်းကန်ဆေးတာ၊ ဖုန်စုပ်တာ၊ အဝတ်လျှော်တာ၊ မီးဖိုချောင်ကြမ်းတိုက်တာ၊ ပစ္စည်းတွေ နေရာတကျစီတာ၊ ဖုန်ရှင်းတာ၊ ရေချိုးခန်း၊ အိမ်သာသန့်ရှင်းရေးလုပ်တာ၊ ပြတင်းတံခါးတိုက်ချွတ်တာ၊ မီးပူတိုက်တာနဲ့ တစ်အိမ်လုံးကြမ်းတိုက်တာတို့ဟာ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ နည်းလမ်းကောင်းတွေဖြစ်ကြောင်း လေ့လာမှုအရသိရှိခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top