Healthy Life Ad
Health Tips

ရေနွေးကြမ်း၏ အလှအပရေးရာစွမ်းပကား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်အိမ်ထဲမှာပဲ လုပ်နိုင်တဲ့နည်းပါ။ နိုင်ငံအများစုဟာ ရေနွေးကြမ်းကို ယဉ်ကျေးမှုထုံးစံ တစ်ခုလို သောက်သုံးကြပါတယ်။ ရေနွေးကြမ်းဟာ အေးမြတဲ့ ညတွေမှာ သင့်ကို နွေးထွေးစေတဲ့အပြင် တခြားအကျိုးပြုတဲ့ နည်းလမ်းတွေလည်း ရှိနေပါတယ်။

(၁) မျက်စိညောင်းညာခြင်း
လက်ဖက်ခြောက်အိတ်ကိုယူပြီး ကြက်သီးနွေးရေထဲစိမ်ပါ။ ပြီးရင် လက်ဖက်ခြောက်အိတ် အေးတဲ့အထိစောင့်ပြီး မျက်ဝန်းတွေပေါ် ကပ်ထားပါ။ လက်ဖက်ရည်ထဲက ကဖင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ တစ်ကြိမ်ကပ်ရင် ၁၀ မိနစ်ခန့်ကပ်ပြီး မျက်ဝန်းတွေကို မှိတ်ထားပါ။ ၁၀ မိနစ်ကြာလို့ မျက်စိကို ဖွင့်လိုက်ရင် လန်းဆန်းနိုးကြားနေပါလိမ့်မယ်။

(၂) ဆံပင်ခြောက်သွေ့ခြင်း
လက်ဖက်ခြောက်က ဆံပင်သား ခြောက်သွေ့မှုကိုလျော့ပါးစေပါတယ်။ ရေခွက်တစ်ဝက်ကို ယူပြီး ဆူအောင်တည်ကာ လက်ဖက်ခြောက်ခတ်ပါ။ ၁၀ မိနစ်အကြာမှာ သံလွင်ဆီခွက်ရဲ့ လေးပုံတစ်ပုံထည့်ပါ။ အဲဒီအရောအနှောကို ဆံပင်သားအနှံ့ သုတ်လိမ်းကာ ဘီးနဲ့ ဖြီးလိုက်ပါ။ လက်ဖက်ခြောက်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ အညစ်အကြေးတွေကို ကင်းစင်စေပြီး သံလွင်ဆီက ဆံပင်သားကို သန်စွမ်းလှပအောင် ပြုပြင်ထိန်းသိမ်းပေးပါတယ်။

(၃) ခြေဆီအနံ့ထွက်ခြင်း
ရေနွေးကြမ်းသောက်ပြီး ကျန်ခဲ့တဲ့ လက်ဖက်ခြောက်တွေကို ခြေဖဝါးမှာ လိမ်းပေးပါ။ လက်ဖက်ခြောက်ထဲက တန်နစ်အက်စစ်ဟာ အနံ့ဆိုးကင်းစေပြီး ချွေးတိတ်စေတဲ့အစွမ်းရှိတာကြောင့် ခြေနံ့ကင်းစေပါတယ်။

(၄) အမွေးရိတ်ရင်း ဓားရှခြင်း
အမွေးရိတ်တာကြောင့် ဓားရှတဲ့အခါ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ အဲဒါ သက်သာစေဖို့ လက်ဖက်ခြောက်အိတ်ကို ကြက်သီးနွေးရေထဲစိမ်ပြီး အမွေးရိတ်ရာနေရာပေါ်မှာ မိနစ်အနည်းငယ် ကပ်ထားရင် သွေးထွက်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို ရပ်တန့်သွားစေပါတယ်။

(၅) ဝက်ခြံကုသခြင်း
လက်ဖက်စိမ်းလက်ဖက်ရည်ကို နေ့တိုင်းသောက်ပေးရင် ဝက်ခြံတွေကိုသက်သာစေပါတယ်။ လက်ဖက်စိမ်းထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ကိုယ်တွင်း၊ ကိုယ်ပြင်ကို ကျန်းမာစေပါတယ်။ လက်ဖက်စိမ်းအိတ်ကို ယူပြီး ရေနွေးထဲစိမ်ပါ။ ပြီးရင် လက်ဖက်စိမ်းကိုဖွင့်ပြီး အေးသွားချိန်မှာ အထဲက လက်ဖက်ခြောက်ကိုယူပြီး မျက်နှာသန့်စင်ဆေးနဲ့ရောကာ မျက်နှာပေါ်ပွတ်သပ်လိမ်းပေးပါ။ ခြောက်မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top