Healthy Life Ad
Child

ခေါင်းတွင် ကင်ဆာအကျိတ်ထွက်နေသည့် နှစ်နှစ်အရွယ်ကလေးငယ်အား ဆက်လက်ဆေးကုခွင့် မိသားစုကငြင်းပယ်

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ အသက် ၂နှစ်အရွယ်ကလေးငယ်ဟာ ခေါင်းတစ်ခြမ်းမှာ ကင်ဆာအကျိတ်ကြီး ထွက်နေပါတယ်။ လွန်ခဲ့တဲ့ ၉လကတည်းက အသားစယူစစ်ဆေးကြည့်ရှုခဲ့ပြီး ကလေးမှာကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ပါတယ်။

ကင်ဆာဆေးသွင်းကုသမှုတွေ ပြုလုပ်ခဲ့ရပြီး ဆရာဝန်တွေက ဦးနှောက်၊ ပါးရိုးနဲ့ မေးရိုးအစိတ်အပိုင်းတွေကို ဖယ်ရှားခွဲစိတ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိဘတွေက နောက်ထပ်ဆေးကုသမှုခံယူဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ဆေးဒဏ်ကြောင့် ကလေးနာကျင်ခံစားနေရတာကို နောက်ထပ်မကြည့်ရက်တာကြောင့် တခြားကုသနည်းတွေ ရှာဖွေသွားမယ်လို့ မိဘတွေကပြောဆိုခဲ့ပါတယ်။

ဦးခေါင်းတစ်ခြမ်းရောင်နေတာကြောင့် ကလေးဟာ နာကျင်မှုကိုအလူးအလဲခံနေရပါတယ်။ ကင်ဆာဆေးသွင်းကုသမှု ၇ကြိမ်ခံယူခဲ့ပေမယ့် မထူးခြားတာကြောင့် နောက်ထပ်ခွဲစိတ်မှုကို ငြင်းပယ်တာလို့ မိခင်ဖြစ်သူကရှင်းပြပါတယ်။ မိသားစုက တခြားကုသနည်း သိရှိသူဘယ်သူမဆို ကူညီဖို့တောင်းဆိုထားပြီး မကြာခင်မှာ ကုသနည်းသစ်ပေးနိုင်သူကို တွေ့ရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top