Healthy Life Ad
Women

မိခင်ဘဝအတွက် အကောင်းဆုံးအရွယ်ကို သိပ္ပံပညာရှင်တို့ထောက်ပြ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတစ်ယောက်အတွက် သားသမီးပြုစုပျိုးထောင်ရတာက တန်ဖိုးရှိပြီး အံ့သြပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ကာလဖြစ်သလို စိတ်ခေါ်မှုတွေ၊ ပူပင်သောကတွေပြည့်နှက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အဲဒီလိုစိတ်ခံစားမှုအမျိုးမျိုးကို ကောင်းကောင်းရင်ဆိုင်နိုင်တဲ့အရွယ်က အသက် ၃၅ နှစ်ဖြစ်တယ်လို့ လေ့လာမှုအသစ်က ဆိုလိုက်ပါတယ်။

အသက် ၃၅နှစ်ကျော်ပြီးချိန်မှာ ကိုယ်ဝန်ဆောင်တာက ကြီးမားတဲ့ကောင်းကျိုးကိုရရှိစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အသက် ၃၀နဲ့ ၄၀ ကြားအရွယ် အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းပိုကောင်းကာ အိမ်ထောင်ရေးနဲ့ ဘဝတက်လမ်းအကြား ချောမွေ့အောင် ပိုထိန်းချုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

အရင်ကတော့ အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တာက သိသိသာသာ အန္တရာယ်များတယ်လို့ဆိုခဲ့ပါတယ်။ ယခုလေ့လာမှုအသစ်အရ အသက် ၃၅ နှစ်ကျော်အရွယ်မှာ ကလေးမွေးတာက မိခင်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုပိုကောင်းလို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top