Healthy Life Ad
Life Style

အရေးကြီးအခမ်းအနားများတွင် ကြည့်ကောင်းနေစေမည့် လျှို့ဝှက်ချက် ငါးရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အပန်းဖြေခရီးသွားစရာရှိတယ်ဆိုရင်၊ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲအခမ်းအနား တက်ရတော့မယ်ဆိုရင် အသားအရေကြည့်ကောင်းဖို့နဲ့ ကိုယ်အလေးချိန်သွယ်လျကြည့်ကောင်းဖို့ အားထုတ် တတ်ကြပါတယ်။ အဲဒီအခါ အချိန်တိုအတွင်း အိမ်မှာလုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းကောင်းတွေကိုမျှဝေ လိုက်ပါတယ်။


နှစ်ပတ်အတွင်း ကိုယ်အလေးချိန်လျော့ကျစေမည့်နည်း
နေ့စဉ် ကယ်လိုရီလျှော့စားရင် နှစ်ပတ်အတွင်း ကိုယ်အလေးချိန် လျော့ကျနိုင်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်မှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်နှံတစ်ခုလုံးအစာ၊ အဆီနည်းတဲ့ငါးနဲ့ အသားတွေကို ထည့်စားပေးပါ။ စွမ်းအင်ရရှိပြီး အဆီလောင်ကျွမ်းမှုများပါလိမ့်မယ်။ တစ်နေ့မှာ ရေအနည်းဆုံး နှစ်လီတာလောက်တော့ သောက်ပေးရပါမယ်။


တစ်ပတ်အတွင်း ခါးသွယ်လျပြီး အသားအရေကြည့် ကောင်းစေမည့်နည်း
ခုနစ်ရက်တည်းနဲ့ ကိုယ်အလေးချိန်ကျပြီး အသားအရေလှပကြည့်ကောင်းချင်ရင် အစာသုံးမျိုးလို အပ်နေပါတယ်။ သံပရာသီးလိုအချဉ်အရသာရှိတဲ့ သစ်သီးတွေ၊ နာနတ်သီးနဲ့ ပရိုတင်းဓာတ်တွေပါ။ အချဉ်အရသာရှိတဲ့ အစာမှာပါတဲ့ အက်စစ်ဓာတ်က အဆီမှာပျော်ပြီး ခန္ဓာကိုယ်ကနေ ဖယ်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီလို ဗီတာမင်ပါဝင်မှုများတဲ့ သစ်သီးတွေက ကိုယ်ခံအားစနစ် အားကောင်းစေပြီး အသားအရေကြည့်ကောင်းကာ လန်းဆန်းစေပါတယ်။

နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်းဓာတ်က အဆီတွေကို ထိထိရောက်ရောက်ဖြိုခွဲနိုင်တာကြောင့် ခန္ဓာ ကိုယ်သွယ်လျစေတဲ့ အစာတစ်မျိုးပါ။ ပရိုတင်းပါတဲ့ အသားကတော့ စွမ်းအင်ရရှိစေပါတယ်။ ဒီခုနစ်ရက် အတွင်း ထိထိရောက်ရောက် ကိုယ်အလေးချိန်လျော့ ကျချင်ရင် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီကို လျှော့စားရပါမယ်။


သုံးရက်အတွင်း ဗိုက်ချပ်ရပ်စေမည့်နည်း
ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အဲဒီအထဲက တစ်နည်းက မုန်လာဥနီနဲ့ ပန်းသီးကို ဆတူရောဖျော်ပြီး တစ်နေ့ခြောက်ကြိမ်သောက်ပေးဖို့ပါ။ ကယ်လိုရီပါ ဝင်မှုနည်းပါးပြီး ဗီတာမင်၊ ဘီတာကယ်ရိုတင်းနဲ့ ပက်တင်ဓာတ်တွေအပြည့်ရရှိစေပါတယ်။

ဒုတိယနည်းလမ်းကတော့နံနက်စာနဲ့ နေ့လယ် စာစားတဲ့အခါ ကြက်ဥပြုတ်တစ်လုံးနဲ့ ကြိတ်ချေထား တဲ့မုန်လာဥနီတစ်လုံးကို စားပေးရမှာပါ။ ညစာစားတဲ့အခါ သကြားမပါတဲ့ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။


နှစ်ရက်အတွင်း ခန္ဓာကိုယ်သန့်စင်စေမည့်နည်း
နှစ်ရက်အတွင်း ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းရှိပါတယ်။ အဲဒါက နံနက်စာစားတဲ့ အခါ ဘရိုမီလိန်းဓာတ်ပါတဲ့ နာနတ်သီးကို သံပရာရည် ဒါမှမဟုတ် လိမ္မော်ရည်တစ်ခွက်နဲ့ တွဲစားပေးဖို့ ဖြစ်ပါတယ်။

တစ်နေ့တာအတွင်း သံပရာရည်ခတ်ထားတဲ့ ရေနွေးတစ်ဖန်ခွက် သောက်ပေးပါ။ နေ့လယ်စာမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ်နဲ့ဆီးသီးအနည်းငယ် စားနိုင်ပါတယ်။ အိပ်ရာမဝင်ခင် သံပရာရည်တစ်ဖန်ခွက်နဲ့ မက်မွန်သီးခြောက်တွေကို စားပေးပါ။


တစ်ရက်အတွင်း ကိုယ်တွင်း အပိုရေဓာတ်ကင်းစင်စေမည့်နည်း
ဟင်းသီးဟင်းရွက်တွေကို သံလွင်ဆီနဲ့ကြော်ပြီး စားပါ။ မနက်ခင်းမှာ အဆီနည်းဒိန်ချဉ် သောက်ပေးရင် သင့်ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top